အပိုင်း ( ၄ )

568 112 9
                                    

[ Zawgyi ]

ညအချိန်မို့ ကျင်းနိုင်ငံရဲ့မြို့တော်ထဲပွဲလမ်းသဘင်တွေစုံလင်လို့နေသည်။ မိန်းမပျိုတွေရော ယောက်ျားပျိုတွေရော အားလုံးသော သက်ကြီးရွယ်အိုတွေကအစမြို့တော်လမ်းတစ်လျှောက် ပြည့်ကြပ်လို့ အမွှေးနံ့သာပေါင်းစုံ စားစရာပေါင်းစုံတို့ဖြင့် စည်ကားသိုက်မြိုက်စွာနဲ့ တည်ရှိနေတာပဲဖြစ်တယ် ။

တန်ဖိုးကြီး အဝတ်အစားတွေဝတ်ဆင်လို့ လျှောက်လှမ်းလာတဲ့ ဖန်းရှင်းနဲ့မင်ကျိုးတို့ဟာ မိန်းမပျိုလေးတွေငေးမောရလောက်တဲ့ထိ ချောမောကြပါတယ် ။ထိုအချိန် လမ်းလျှောက်နေရင်း မင်ကျိုးထံမှ စကားသံဟာထွက်လာတယ်။

"ဖန်းရှင်း .. မိန်းမလှလေးတွေဒီလောက်များတာ..ဖူစာရှင်လေးဘာလေးမရှာချင်ဘူးလား"

မင်ကျိုးရဲ့ စကားကို ဖန်းရှင်းက မကြားသလိုသာ လျစ်လျူရှုထားလိုက်တယ်။ဖန်းရှင်းက ယခုအချိန်ထိတော့ ဘယ်သူ့ကိုမှလည်းမချစ်ဖူးသလို ဘယ်မိန်းကလေးမှလည်းစိတ်မဝင်စားသေးဘူး ။ သူအခုထိ အဲ့ဒီအရာတွေအား စိတ်ကူးထဲတောင်မရှိသေးတာဖြစ်တယ် ။

"အိုက်ယား .. သခင်လေးဖန်းရှင်းက ပြန်တောင်မဖြေတော့ပါလား"

"မင်ကျိုး .. မင်း ပြဇာတ်ကြည့်ဖို့လာတာလား .. ငါ့ကို မိန်းကလေးတွေနဲ့စနောက်ဖို့လာတာလား ၊ တကယ်လို့ ဒုတိယတစ်ခုဆိုရင် ငါမင်းနဲ့ဆက်မလိုက်တော့ဘူး ပြန်တော့မယ်"

အတည်ပေါက်ကြီး ပြန်လှည့်သွားတော့မယ့် ဖန်းရှင်းကို မင်ကျိုးက ပြန်လို့ဆွဲထားပါတယ် ။

"အယ် အယ် .. မသွားပါနဲ့ကွာ  . ငါမင်းကို မစနောက်တော့ပါဘူး ၊ ဟိုအရှေ့ဆိုရောက်ပြီ လာပါကွာ"

ထိုတော့မှ စိတ်လျော့သွားဟန်တူတဲ့ ဖန်းရှင်းကို မင်ကျိုးက ဆွဲခေါ်လာခဲ့လိုက်တယ် ။ ထို့နောက်ပြဇာတ်ရုံထဲသို့ဝင်သွားကြတော့တယ် ။

အချိန်ခဏကြာတော့ ပြဇာတ်ရုံထဲ လူတွေပြည့်ကြပ်လာတယ် ။ ထိုအချိန်မှာပဲ ပြဇာတ်စပြီဟေ့ ဆိုတဲ့အသံနဲ့အတူ သာယာတဲ့တေးသွားတစ်ခုဟာပျံ့လွင့်လာပါတော့တယ် ။

Start To Finish [ Complete ]Where stories live. Discover now