အပိုင်း ( ၂၆ )

420 68 6
                                    

[ Zawgyi ]

"အဲ့လူတွေက ကြင်ယာတော်လေးကိုခေါ်သွားပါတယ် မင်းကြီး"

တုန်တုန်ရီရီထွက်လာတဲ့ ချန်ချန့်စကားအဆုံး ဧကရာဇ်ကုန်းကျွင်းရဲ့လက်ထဲက ဓားအိမ်ဟာကျွတ်ထွက်သွားတယ်။ဧကရာဇ်ဟာ နန်းလွှဲပြီးသားဆိုပေမယ့်လည်း အားလုံးရင်ထဲမှာ ဧကရာဇ်အဖြစ်ရှိနေတုန်းမို့ မင်းကြီးဟုသာခေါ်ဝေါ်နေခြင်းဖြ်းသည်။

ချန်ချန်က ကြင်ယာတော်လေးအခုလိုဖမ်းဆီခံခဲ့ရတာသူ့ကြောင့်ပင်၊သူသေချာမကာကွယ်နိုင်လို့၊ဒါကြောင့် သေရမယ်ဆိုရင်တောင်အဆင်ပြေပါတယ်။သူဟာ ဧကရာဇ်ဓားချက်ကို သူ့ခန္တာကိုယ်ပေါ်ကျရောက်လာမည်အထင်နဲ့ မျက်လုံးတွေကိုမှိတ်ထားခဲ့ပေမယ့် ထိုအစား ဧကရာဇ်က ဓားတော်ကိုကိုင်ဆွဲလို့ အလောတကြီးထွက်သွားတော့သည်။ချန်ချန့်ကိုလည်းအာရုံမစိုက်တော့..အခုချိန် ဧကရာဇ်အတွေးထဲမှာ ကြင်ယာတော်ကျန်းတစ်ယောက်ထဲရှိနေမှာ မလွဲဧကန်ပင်ဖြစ်တော့သည်။

⋇⋆✦⋆⋇ 

ကျန်းကျယ်ဟန့် မျက်လုံးတွေပွင့်လာတော့ သူဟာမြင်းတစ်စီးပေါ်ရောက်နေပြီး သူ့အနောက်မှာလူတစ်ယောက်ရှိနေသည်။ဘယ်သူမှန်းသိတာကြောင့် ရုန်းထွက်ဖို့ပြင်လိုက်တော့ ထိုလူ့ဆီက အသံဟာထွက်လာတယ်။

"ငြိမ်ငြိမ်နေစမ်း ရန်! မဟုတ်ရင် ညကလို ငါအလျော့ပေးမှာမဟုတ်တော့ဘူး"

ထိုစကားကြောင့် ကျန်းကျယ်ဟန့်ခန္တာကိုယ်လေးကငြိမ်ကျသွားတယ်။ညက..ညက သူ ထိုဒုက္ခတွင်းထဲက ကပ်သီးလေးလွတ်ခဲ့တာ၊ အားနည်းနေတဲ့ သူ့ခန္တာကိုယ်ကိုပဲကျေးဇူးပြန်တင်ရမလို။ချန်ဝူမင်ဘာမှမလုပ်ရသေးခင်မှာပဲ သူက မေ့မျောသွားခဲ့တာမို့ ဝူမင်က ဘာမှဆက်မလုပ်တော့တဲ့ပုံပါပဲ။တော်သေးတာပေါ့။
ဒါပေမယ့် သူစိတ်မအေးနိုင်ဘူး။အခု သူတို့ကဘယ်ကိုသွားနေကြတာလဲ။သူ ကုန်းကျွင်းဆီပြန်ချင်တယ်။

' ကုန်းကျွင်း ! မင်းဘယ်မှာလဲ .. ငါ့ကိုလာမရှာတော့ဘူးလား ! ကုန်းကျွင်း !! '

စိတ်ထဲကအော်ဟစ်နေပေမယ့် အပြင်မှာတော့ တိတ်ဆိတ်နေမြဲ။သူ ကောင်လေးကိုတောင့်တတယ်။စိတ်ထဲကနေ..ကျယ်လောင်စွာပဲ။

Start To Finish [ Complete ]Where stories live. Discover now