အပိုင်း ( ၁၆ )

490 79 7
                                    

[ Zawgyi ]

"မမရင်းအာ ကျွန်တော့်ဆီလာတာလား"

"အင်း .. မမတို့စကားပြောကြရအောင် ဖန်းရှင်း"

ဖန်းရှင်း လျန်ရင်းအာဆီက ပုံမှန်ထက်ထူးဆန်းတဲ့အငွေ့အသက်တွေကို ဖန်းရှင်းရနေပေမယ့် လျန်ရင်းအာဟာ သူငယ်ငယ်ထဲကအစ်မတစ်ယောက်လိုခင်ခဲ့တဲ့သူမို့ မသိချင်ယောင်ဆောင်လိုက်တယ်။ သူက ရင်းအာထိုင်ဖို့နေရာပေးတယ် ။

"ဘာပြောမလို့လဲ မမရင်းအာ"

သူမမျက်နှာကချက်ချင်းညိုးကျသွားတယ် ။

"ဒီကိစ္စကိုပြောရမှာ မမတကယ်အားနာတယ် ဖန်းရှင်းရယ်"

"ရပါတယ် မမရင်းအာရဲ့ ကျွန်တော်တို့ကအဲ့လောက်ထိလိုအပ်တဲ့သူတွေမှမဟုတ်တာ"

ဖန်းရှင်းပြောတော့ သူမက သက်ပြင်းအသာချတယ် ။

"ကုန်းကျွင်းက ကြင်ယာတော်တင်မြှောက်တော့မယ်တဲ့"

"အစ်ကိုတော်က"

"အင်း .. ပြီးတော့ အဲ့ဒါက ယောက်ျားလေးတစ်ယောက်တဲ့ ၊ မမက သူ့ကိုသူငယ်ချင်းတစ်ယောက်အနေနဲ့စိုးရိမ်တယ် ယောက်ျားလေးတစ်ယောက်ကို ကြင်ယာတော်တင်မြှောက်တယ်ဆိုတာ လွယ်တဲ့ကိစ္စမဟုတ်ဘူး ၊ ပြည်သူတွေရဲ့သဘောထား အမတ်တွေရဲ့ စိတ်သဘောထားကလည်းလိုသေးတယ် ၊ ကုန်းကျွင်းကို သူများတွေလက်ညိုးထိုးကြမှာ မမ မမြင်ချင်ဘူး"

"အဲ့အကြောင်းကို ကျွန်တော်မကြားမိဘူး"

"ဘယ်ကြားမိမလဲ မင်းအဆောင်တော်ကနေမထွက်တာ ၂ရက်လောက်ရှိပြီလေ ၊ အဲ့၂ရက်အတွင်း အများကြီးဖြစ်ပျက်သွားတာ"

ဖန်းရှင်း မျက်နှာက ထူးခြားတဲ့ပုံပေါ်မနေပေမယ့် သူ့စိတ်ထဲမှာတော့ မေးခွန်းတွေအရမ်းများလို့နေတယ် ။

ဒါကို ရိပ်မိတဲ့ ရင်းအာက ချက်ချင်းပဲ ဆက်ပြောလိုက်တယ် ။

"မမ ကြားတာ အဲ့ဒီယောက်ျားသားက မကြာခင်ကမှ နန်းတွင်းထဲရောက်လာတဲ့ ကျန်းသခင်လေးတဲ့"

ထိုစကားအဆုံးမှာ ဟန်မဆောင်တတ်တဲ့မင်းသားငယ်ဟာ ထိုင်နေရာကနေချက်ချင်း မတ်တပ်ထရပ်လိုက်တယ်။

Start To Finish [ Complete ]Tahanan ng mga kuwento. Tumuklas ngayon