အပိုင်း ( ၁၂ )

504 92 13
                                    

[ Zawgyi ]

ဒုတိယတစ်ကြိမ် မျက်လုံးတွေပွင့်လာသည့်အခါမှာတော့ မရင်းနှီးတဲ့နေရာတစ်ခုမှန်းသိလိုက်ရတယ် ။ အပြင်အဆင်အရတော့ တည်းခိုဆောင်တစ်ခုမှာပဲဖြစ်လိမ့်မယ် ။ နှာခေါင်းထဲတိုးဝင်လာတဲ့ ဆေးနံ့သင်းသင်းက သူ့ဒါဏ်ရာတွေကိုသက်သာစေခဲ့တာဖြစ်လိမ့်မယ် ။

ရုတ်တရက် တံခါးနှစ်လွှာကပွင့်သွားပြီး လူတစ်ယောက်ဟာဝင်ရောက်လာတယ် ။ ကျီဟန့်မျက်နှာက မယုံကြည်နိုင်မှုတွေနဲ့ပြည့်နှက်လို့သွားပါတယ် ။

"ဝူမင် .."

ဒါဆို ညက သူ့ကိုကယ်ထုတ်ခဲ့တဲ့လူက လောင်ဝမ်းမဟုတ်ခဲ့ဘဲ ဝူမင်ဖြစ်နေခဲ့တာပေါ့ ။ အမြင်အာရုံတွေဝေဝါးပြီး ထိုကောင်လေးနာမည်ကိုရေရွတ်ခဲ့မိတာဖြစ်မယ် ။

"သက်သာသွားပြီလား ရန် .. ငါမင်းအတွက် စားစရာတွေသီးသန့်မှာပေးထားတယ်"

ဝူမင်က နူးညံ့လွန်းတဲ့အပြုံးတစ်ခုနဲ့ဆိုလာတာဖြစ်တယ် ။ ဒါက အထူးတလည်တော့မဟုတ်ပါဘူး ။ ဝူမင်က ဟိုးအရင်ထဲက ကျီဟန့်အပေါ်ထိုသို့ပြုမူနေကြဖြစ်တယ် ။ သို့ပေသည့် ကျီဟန်ကမူ ဝူမင့်ကို နည်းနည်းလေးမှတောင် တစ်ခြားစိတ်မရှိခဲ့ပါ ။

"ညက မင်းလား"

အားနာစိတ်နဲ့အရဲစွန့်ကာမေးလိုက်တော့ ဝူမင့်မျက်နှာဟာအနည်းငယ်ပျက်ယွင်းသွားပါတယ် ။ ဝူမင်က ကျီဟန့်ကို အမြဲတမ်းတစ်နေရာကစောင့်ကြည့်နေခဲ့တာ ။ ဒုက္ခရောက်ပြီဆို သူက ကူညီနိုင်အောင်လို့ ။ မနေ့က ကျီဟန် အခုလိုအဖမ်းချုပ်ခံရတာကို သူ့မှာ အဲ့ဒီလူတွေလစ်တဲ့အချိန် ကိုက်ပြီး ကျီဟန့်ကိုလာကယ်ခဲ့တာ ။ ထိပ်တိုက်တွေ့ရင် မရှုံးဘူးဆိုပေမယ့်လည်း ဂရုစိုက်စရာ ကျီဟန်ကရှိသေးတာကို ။ သို့ပေသည့် သူကယ်ထုတ်ချိန်မှာ ကျီဟန်ရေရွတ်လိုက်တဲ့ အမည်နာမကြောင့် ဝူမင် တကယ်ပင် စိတ်ထဲမတင်မကျဖြစ်ခဲ့ရပါသည် ။ ကျီဟန် ရေရွတ်လိုက်တဲ့အမည်နာမပိုင်ရှင်ကိုလည်း ကျီဟန့်ကိုစောင့်ကြည့်နေတဲ့ ဝူမင်ကသိပြီးသားပင်ဖြစ်တယ် ။

"ဟုတ်တယ် "

"အာ..ကျေးဇူးတင်ပါတယ် ဝူမင် ငါမင်းအပေါ်နောက်ထပ်ကျေးဇူးကြွေးတင်မိပြန်ပါပြီ"

Start To Finish [ Complete ]Where stories live. Discover now