အပိုင်း ( ၅ )

554 100 12
                                    

[ Zawgyi ]

စိုစွတ်စွတ် ပတ်ဝန်းကျင်နဲ့အတူ ငှက်အော်သံတို့ကလည်း တောအုပ်တစ်ခုလုံးကို ဟန်းထွက်နေသလိုပင် ။  သစ်ပင်တွေပေါ်က ရေစက်တို့ကမြေပြင်ပေါ် မပြီးနိုင်မစီးနိုင် တစ်စက်စက်ကျနေတုန်းပင်ဖြစ်တယ် ။ မျက်လုံးနှစ်လုံးပွင့်လာတာနဲ့ အရင်ဆုံး သတိပြုမိတာက ရင်ခွင်ထဲမှာ ထည့်ဖက်ထားမိတဲ့ ခပ်နွေးနွေးခန္တာကိုယ်လေးကိုပဲ ။ဝတ်ရုံစကိုဟထားတဲ့ သူ့ ရင်ဘတ်ပေါ် မျက်နှာလေးအပ်လို့ အိမ်မောကျနေပုံလေးက အမှတ်တကယ်ပင် မြတ်နိုးချင်စရာကောင်းလှပါတယ် ။ နှုတ်ခမ်းသား နုနုထိကပ်ထားတဲ့ ရင်ဘတ်နားက အထိအတွေ့ကလည်း အေးချမ်းနေတဲ့ အခြေအနေမှာတောင် အိမ်ရှေ့စံကို ပူပြင်းလာအောင်လုပ်နေသလိုပင်။

ပတ်ဝန်းကျင်ကိုစူးစမ်းမိတော့ သစ်ပင်စိမ်းစိမ်းနဲ့ ငှက်အော်သံတွေကလွဲရင် ဘာမှမမြင်ရ မတွေ့ရ ..။မနေ့ညကအရေးကြီးတဲ့အချိန်မို့ မြင်းကို ရောက်တတ်ရာရာ စီးလာခဲ့တာ ။ အခုတော့ ဘယ်နေရာကတောအုပ်လဲတောင်မသိတော့ပါဘူး။

တွေးနေတုန်းမှာပဲ ရင်ခွင်ထဲက ခန္တာကိုယ်ငယ်ဟာ တစ်လှုပ်လှုပ်နဲ့ နိုးလာပါတော့တယ် ။ ထိုလူသားဟာ သူ့ရင်ခွင်ဆီမှ ရုန်းထွက်လို့ ကမန်းကတမ်းစကားဆိုလာပါတယ် ။

"တောင်းပန်ပါတယ် .. တစ်ညလုံး ဒီလိုအိပ်ပျော်သွားတာလား"

"တောင်းပန်စရာမလိုပါဘူး"

သူပြောလိုက်တော့ ထိုလူသားက ခေါင်းလေးငုတ်ကျသွားတယ် ။ ခဏအကြာမှ သူ့ဗိုက်ကိုကြည့်ရင်း စကားထပ်ဆိုလာပါတယ်။

"ဒါဏ်ရာက အရမ်းနာနေလားဟင်"

"မနာပါဘူး"

"အာ.."

ခေါင်လေးတစ်ငြိမ့်ငြိမ့်လုပ်နေတဲ့လူသားကိုကြည့်နေရင်း အိမ်ရှေ့စံရဲ့မျက်ခုံးတွေဟာ တွန့်ချိုးသွားတယ်။ထိုလူသားရဲ့ လည်ပင်းမှာနီရဲနေတဲ့အရာတစ်ခုနဲ့ သွေးအနည်းငယ်ထွက်နေတဲ့ ဒါဏ်ရာလေး ။ ဟုတ်သားပဲ ။ ညတုန်းက အဲ့ဒီဓားပြခေါင်းဆောင်ကြောင့် အိမ်ရှေ့စံမြတ်နိုးရတဲ့လူသားလေး ဒါဏ်ရာရခဲ့တာပဲ ။ ဒီလူသားဟာ သူ့ဒါဏ်ရာသူတောင်သတိရရဲ့လား ။ မနေ့ထဲက အိမ်ရှေ့စံရဲ့ ဒါဏ်ရာကိုပဲ စိုးရိမ်တကြီး ဂရုစိုက်ပေးနေတာ ။

Start To Finish [ Complete ]Where stories live. Discover now