အပိုင်း ( ၂၅ )

383 60 2
                                    

[ Zawgyi ]

မီးခိုရောင်ဝတ်စုံနဲ့ ခမောက်အနက်ရောင်တွေတွဲဖက်ဝတ်ဆင်ထားတဲ့ လူအယောက် ၂၀ လောက်ဟာ ကျင်းနိုင်ငံရဲ့မြို့တော်ထဲကိုဝင်ရောက်လာတယ်။ သူတို့ခြေချလိုက်တဲ့နေရာက လူတွေဟာ ပုံမှန်ထက်ပိုပြီး ခြောက်ခြားစရာကောင်းတဲ့ခံစားချက်ကိုရနေလေသည်။

မြို့ထဲက လူတွေဟာ ထိုလူတွေကို စိတ်ဝင်တစားကြည့်ရှု့ပြီး တီးတိုးပြောဆိုနေကြသည်။ဘယ်သူကမှတော့ အနားမကပ်ရဲပေ။ထိုလူအုပ်စုဟာ မြို့ထဲက တည်းခိုဆောင်ထဲကို ဝင်သွားတယ်။

ထိုလူတွေဝင်လာတာနဲ့ တည်းခိုဆောင်ထဲက မနက်စာစားသုံးနေကြတဲ့သူတွေဟာ ကိုယ့်အခန်းကိုယ်စီဝင်သွားကြသည်။
တည်းခိုဆောင်ရဲ့ပိုင်ရှင်က ထိုလူတွေဘာမှမပြောခင်မှာပဲ တည်းခိုဖို့အခန်းကိုလိုက်ပြတော့သည်။

⋇⋆✦⋆⋇ 

"ကုန်းကျွင်း ! အခြေအနေဘယ်လိုရှိလဲ"

အဆောင်ထဲ ဟိုဘက်လျှောက်ဒီဘက်လျှောက်နှင့်စိတ်လှုပ်ရှားနေတဲ့ ကျယ်ဟန်က ကုန်းကျွင်းဝင်လာတာကိုမြင်တာနဲ့ချက်ချင်းပဲပြေးသွားပြီးမေးလေတယ်။

ကုန်းကျွင်းက ခေါင်းခါပြတော့ ကျယ်ဟန့်မျက်နှာလေးက မျှော်လင့်ချက်တွေမဲ့သွားသလိုမျိုးငြိုးကျသွားလေတယ်။

"ဒါဆို..သူတို့က ကန့်ကွက်တယ်ပေါ့"

"အင်း.."

ကျန်းကျယ်ဟန်စိတ်ပျက်လက်ပျက်ဖြင့် ကုတင်ပေါ်သွားထိုင်နေလိုက်တယ်။သူဒီနေရာမှာတော့ မနေချင်ဘူး။ဒါပေမယ့် ကုန်းကျွင်းကိုလည်း မထားခဲ့ချင်ဘူး။အဲ့တာထက် ကုန်းကျွင်းကလည်းသူ့ကိုလွှတ်ပေးမှာမဟုတ်ဘူး။

ကုန်းကျွင်းက ပြုံးချင်နေတဲ့မျက်နှာကို မနည်းထိန်းပြီး ကိုကို့ဘေးနားဝင်ထိုင်လိုက်တယ်။

"စိတ်ပျက်သွားတာလား"

"......"

"ဟမ်..?"

"ငါမှ ဒီနေရာမှာမနေချင်တာ..ငါကလွတ်လွတ်လပ်လပ်ပဲနေချင်တာ..ငါက...အွန့်"

ကုန်းကျွင်းက ကိုကို့ကိုယ်လေးကို ကုတင်ပေါ်ဆွဲလှဲပြီး ပိတ်နမ်းပစ်လိုက်တယ်။ရုတ်တရက်ကြီးမို့ ကျန်းကျယ်ဟန့်သည်ပင် အံ့သြနေမိသည်။ဘာထဖြစ်တာလဲ။

Start To Finish [ Complete ]Where stories live. Discover now