အပိုင်း ( ၆ )

485 93 18
                                    

[ Zawgyi ]

ယနေ့ညက ပန်းပွဲတော်ဖြစ်တာကြောင့် နန်းတော်ထဲအလုပ်ရှုပ်နေကြတုန်း ဖန်းရှင်း ခိုးထွက်လာခဲ့တယ် ။ နန်းတော်ထဲမှာထက် ပိုပျော်စရာကောင်းတဲ့ မြို့ထဲက ပွဲတော်ကို ဖန်းရှင်းက ပိုလို့သဘောကျနေတယ် ။ ကျင်းနိုင်ငံက ပွဲတော်မဟုတ်လား . နေ့တိုင်းညတိုင်းလိုလိုပွဲတော်ကဲ့သို့လူတွေကြိတ်ကြိတ်တိုးနေတာပဲဖြစ်တယ် ။ လူတွေတအားရှုပ်နေတာမို့ မင်ကျိုးကိုသွားခေါ်ရမှာကြောင့် ဖန်းရှင်းက လူရှင်းတဲ့လမ်းကနေသွားဖို့အတွက်ဆုံးဖြတ်လိုက်တယ်။

ပေါ့ပေါ့ပါးပါးလမ်းလျှောက်လာတဲ့ ဖန်းရှင်းရဲ့ နားစည်ထဲ ယောက်ျားကြီးတစ်ယောက်ရဲ့အသံဟာတိုးဝင်လာပါတယ်။

"လာကြစမ်း .. သူ့ကို သယ်ခဲ့လိုက် . ဆောင်ကြာမြိုင်ကိုသာရောင်းစားရင် ဈေးကောင်းရလောက်တယ်"

ဖန်းရှင်းက အကွယ်တစ်နေရာကိုဝင်ပုန်းလို့ နားထောင်နေလိုက်တယ် ။

"ဒါပေမယ့် .. သူကယောက်ျားလေးတစ်ယောက်လေ"

"ယောက်ျားလေးဖြစ်တော့ရောဘာဖြစ်လဲ ဒီလောက်လှတဲ့ယောက်ျားကို ဘယ်လိုလူကငြင်းဆန်မှာလဲ လျှာမရှည်နဲ့ သယ်ခဲ့လိုက်"

"ကောင်းပါပြီ"

ယောက်ျားကြီးရဲ့အပြောကို လူနှစ်ယောက်ကနာခံပြီး လဲကျနေတဲ့ အပြာရောင်ဝတ်စုံနဲ့လူကို သယ်သွားဖို့ လုပ်ပါတော့တယ် ။ ဖန်းရှင်း ထိုလူတွေနောက်ကိုလိုက်သွားချင်စိတ်က ဖြစ်ပေါ်လာပါတယ်။ဘယ်နှယ့် ယောက်ျားလေးအချင်းတောင် ယုတ်ညံ့ရဲကြတာလဲ ။ မတရားတာမြင်ရင်မနေနိုင်ဘဲ တစ်ဇွတ်ထိုးလုပ်တတ်တဲ့ ဖန်းရှင်းရဲ့စိတ်ဟာလည်း သူ့အစ်ကိုတော် အိမ်ရှေ့စံနှင့်တစ်ပုံတည်းပင်တူနေပြန်တယ် ။ ဖန်းရှင်းက အကွယ်ကနေထွက်ပြီး ထိုလူတွေကို အသံကျယ်ကျယ်နဲ့အော်ဟစ်လိုက်တယ် ။

"တကယ်ကို ယုတ်ညံ့လွန်းတဲ့နေရာမှာပြိုင်ဘက်ကင်းပါပဲလား ညီနောင်တို့"

ထိုလူတွေဟာ ဖန်းရှင်းကိုတွေ့တော့ မျက်မှောင်ကြုံ့ပြီး ပြောလာပါတော့တယ်။

"ဘယ်က ကောင်စုတ်လေးလဲ"

"မခံယူဝံ့ပါဘူး ကျွန်တော့်နာမည် ဖန်းရှင်းပါ ၊ ကျွန်တော် ပြောချင်တဲ့အကြောင်းက တစ်ခုထဲပါ .. အခု ညီနောင်တို့ သယ်လာတဲ့သူက ကျွန်တော့်ရဲ့မိတ်ဆွေဖြစ်လို့ ကျွန်တော့်လက်ထဲထည့်ပေးလိုက်ဖို့ပါပဲ"

Start To Finish [ Complete ]Where stories live. Discover now