အပိုင်း ( ၉ )

406 81 12
                                    

[ Zawgyi ]

"နာမည်ဘယ်လိုခေါ်လဲ"

"......"

"အသက်ရောဘယ်လောက်ရှိပြီလဲ ၈နှစ်လား ၉ နှစ်လား"

"......"

နန်းစောင်ခွေးရူးတွေလက်ထဲကနေ ကယ်လာခဲ့တဲ့ ကလေးလေးဟာ ဘာမေးမေးဘာမှပြန်မဖြေဘဲ ခေါင်းငုတ်လို့ ငူငူငိုင်ငိုင်ကြီးထိုင်နေတဲ့ကလေးကြောင့် ချန်လျွင်ကျိုးခမျာ ဘာဆက်မေးလို့မေးရမှန်းမသိတော့ပါ ။ သူလည်း ဖြစ်ကြောင်းကုန်စင်တော့မသိပေမယ့် ဒီကလေးရဲ့မိဘတွေဟာ နန်းတော်ရဲ့အမိန့်နဲ့အသတ်ခံရတာဖြစ်နိုင်တယ် ။ သူလည်း တစ်ချိန်က အဲ့ဒီညစ်ပတ်တဲ့နေရာမျိုးမှာနေခဲ့ဖူးတာပဲ သိတာပေါ့ ။

"မဖြေချင်လည်းထားလိုက်ပါ"

ထိုချိန် အိမ်လေးထဲကို ခရမ်းရောင်ဝတ်စုံနဲ့ ကလေးတစ်ယောက်ဝင်လာပါတယ်။ထိုကလေးဟာ လက်ထဲမှာ ဓားမြှောင်သေးသေးလေးတစ်ချောင်းကိုကိုင်ထားတယ် ။ ထိုဓားမြှောင်လေးမှာ သွေးတွေစွန်းလျှက်ရှိသည် ။

"ဝူမင် ! မင်း ဘယ်အကောင်ကိုသတ်လာပြန်ပြီလဲ"

ချန်လျွင်ကျိုးက ထိုကလေးအား ဆူငေါက်ခြင်းမမည်သော အသံနဲ့ခပ်မာမာပြောသည် ။

"ရွာထဲက အစ်ကိုကြီးတွေက သားကို ယုန်မသတ်ရဲဘူးပြောလို့ အဲ့တာသတ်ပြလိုက်တာပါ"

ထိုစကားကြောင့် ငူငိုင်ပြီးထိုင်နေတဲ့ကလေးလေးဟာ ခေါင်းထောင်လို့ ဝူမင့်ကို တအံ့တသြကြည့်တယ် ။ ဝူမင်က ထိုအံ့သြမှင်သတ်နေတဲ့ မျက်လုံးဝိုင်းလေးတွေနဲ့ အကြည့်ချင်းဆုံမိသွားတဲ့အချိန်မှာပဲ ထိုကလေးလေးနားကို အပြေးရောက်သွားတော့တယ် ။

"အဖေ .. သူကဘယ်သူလဲ"

"သြော် ဟုတ်သားပဲ ၊ ဝူမင် ဒီကလေးက အခုကစပြီး ငါတို့နဲ့နေမှာ .. မင်းနဲ့အသက်ရွယ်တူလောက်ပဲ ၊ သေချာရင်းနှီးအောင်ပေါင်းပြီး ရွာထဲကလူတွေကိုလည်းမိတ်ဆက်ပေးလိုက်ဦး ၊ ဂရုစိုက်လိုက်ဦးနော်"

"အင်းပါ အဖေရဲ့ စိတ်ချပါ အဖေအပြင်သွားမို့မလား"

"အေး ငါသွားတော့မယ် ကလေးကို ကြောက်အောင်မလုပ်နဲ့ဦး"

Start To Finish [ Complete ]Waar verhalen tot leven komen. Ontdek het nu