1.Uncle

27.6K 948 76
                                    

Unicode version...

FOLLOW ME-1
.
.
.
.
.

Clack!

"အင့်!..."

Toiletတံခါးဖွင့်ဖွင့်ချင်းဘွားခနဲပေါ်လာသည့်လူကြီးတစ်ယောက်ကြောင့်ရိပေါ်နောက်ကိုခြေလှမ်းသေးသေးလေးရွေ့လိုက်မိတယ်။

အားနာသွားသလိုကြောင်နနလေးနဲ့ ရှေ့ကလူကိုကြည့်မိတော့ မင်းသားရှုံးလောက်အောင်ချောမောပြေပြစ်လှသည့်ရုပ်ရည်နဲ့အရှိန်အဝါတချို့ကပ်ငြိနေပုံကမော်ကြည့်ရသူအဖို့ပင်သိမ်ငယ်သွားစေသည်။

ကြည့်ကောင်းကောင်းနဲ့ငေးမိတော့စွဲယူညှို့ငင်နိုင်သည့်ထိုလူ့နှုတ်ခမ်းပါးအောက်ကမှဲ့လိုလိုအမည်းစက်ကလေးကမာကျူရီမီးရောင်အောက်မှာခပ်ထင်းထင်း။

"အဟွန်း!...လာလေ ဝင်မလို့မဟုတ်လား..."

မဲ့ပြုံးနဲ့Toiletထဲမျက်စပစ်ပြလာတော့မှရိပေါ်ရှေ့ကလူကြီးကိုကျော်ပြီးtoiletထဲပြေးဝင်မိတယ်။

Toiletထဲရောက်တာနဲ့ဘေစဥ်ရှေ့ရပ်ကာကိုယ့်ကိုယ်ကိုမှန်ထဲပြန်ကြည့်တော့ဝိုင်နီတွေစွန်းနေသည့်ရှပ်အဖြူလေးကရစရာမရှိပေပွနေလေပြီ။

ရိပေါ်ရောက်နေတာကnight partyတစ်ခု။အတိအကျပြောရရင်ရိပေါ်အန်တီလေး၏wedding night party။

weddingတုန်းကစာမေးပွဲကိစ္စနဲ့မလာဖြစ်တာကြောင့်တီလေး၏အမျိုးသားကိုတော့ရိပေါ်ခုထိမမြင်ဖူးသေး။

ဗြုန်းစားကြီးလက်ထပ်လိုက်တာမို့တီလေးရောထိုလူကပါတစ်ယောက်ကိုတစ်ယောက်ချစ်၍မဟုတ်ပဲစီးပွားရေးအခြေနေတခုကြောင့်လက်ထပ်လိုက်မှန်းနှစ်ဖက်အမျိုးတွေအကုန်သိပြီးသား။

ရိပေါ်ကဝမ်အိမ်တော်၏တဦးတည်းသောသား။အကိုတွေအမတွေမရှိပေမဲ့မိထွေးစီကပါလာသည့် ရိပေါ်ကိုကြုံရင်ကြုံသလိုနှိပ်ကွပ်တတ်တဲ့အမနှစ်ယောက်တော့ရှိတယ်။

ဒါကြောင့်အလုပ်များသည့်ဝမ်ပါးထက်ဝမ်မားရဲ့ညီမအရင်းတီလေးကရိပေါ်ရဲ့အားထားရာဖြစ်လာခဲ့ခြင်းမို့လူများတဲ့နေရာတွေမနှစ်မျို့သည့်ရိပေါ်partyပွဲကိုအရောက်လာမိခြင်း။

ခုလည်းထိုအမနှစ်ယောက်ပယောဂကြောင့်ဝိုင်နီတွေပေပွသွားသည့်ရှပ်အက်ျီလေးကိုသန့်ရှင်းရေးလုပ်ရန်toiletထဲဝင်လာခြင်း။

FOLLOW ME[Complete]Donde viven las historias. Descúbrelo ahora