8.Oasia

7.8K 750 93
                                    

❦︎Unicode version❦︎

FOLLOW ME-8
.
.
.
.
"ကျွန်တော်ရောက်ပြီ!..."

"ကျစ်!...ဒီအရှုပ်ထုတ်ကတော့..."

ကားစီအပြေးလေးရောက်လာသည့်ရိပေါ်ကိုတွေ့တော့ဝမ်ချွန်းကစိတ်ပျက်ဟန်စိတ်တချက်သပ်သည့်တိုင်နောက်ခန်းမှာခေါင်းမော့ရင်ကော့ကာထိုင်နေသည့်ဝမ်ရှန့်ကလည်းထို့နည်းတူရိပေါ်ကိုမျက်စောင်းတခဲခဲ။

"ကျောင်းလေးတခါအပ်တာအဲ့လောက်တောင်ကြာရလားဟဲ့!...ငါတို့ပြီးလို့နင့်ထိုင်စောင့်နေတာဖင်တောင်ဂျွတ်တက်တော့မယ်..."

"ကျွန်တော်တောင်းပန်ပါတယ်မငယ်...centerမှာလူအရမ်းကြပ်နေတာနဲ့..."

"တိတ်စိမ်း!...မဆူရဲဘူးဆူလိုက်တာနဲ့အဲ့မျက်ရည်ကတစမ်းစမ်းနဲ့...ဘယ်လိုဟာလေးမှန်းကိုမသိဘူး..."

"အင့်!..."

ဆူရင်းငေါက်ရင်းနားထင်ကိုလက်ညှိုးနဲ့အားပါပါလာထောက်သည့်ဝမ်ရှန့်ကြောင့်ရိပေါ်ကိုယ်လေးယိုင်ခနဲ။ဒါလည်းအထွန့်မတက်သည့်ကောင်လေးခမျာမျက်နှာလေးမဲ့ရှုံ့သွားရုန်ကလွဲကားမှန်တဖက်ကိုတိုးကပ်လို့ငြိမ်ငြိမ်လေးပဲ။

"ဦးလေးကြီး သွားမယ်လေ...အိမ်ကိုမောင်းတော့!..."

ဝမ်ချွန်းအမိန့်ပေးလိုက်သည်နှင့်driverဦးလေးကြီးကရ​ှန်ဟိုင်းတက္ကသိုလ်ရှေ့ကကားလေးမောင်းထွက်လာလိုက်တော့တယ်။ဒီလိုအမတွေနဲ့သာဆိုကျောင်းတက်တဲ့တလျှောက်လုံးကောင်လေးဒုက္ခခံရဦးမယ်ထင်ပါရဲ့။

္ကျွီ!

"ဆင်း!..."

"ဗျာ!...မကြီးကျွန်တော့်ကိုဘာလို့..."

အိမ်မရောက်သေးဘဲတနေရာမှာကားရပ်ခိုင်းပြီးပြီးချင်းဆင်းဆိုကာအမိန့်ပေးလာသည့်ဝမ်ချွန်းကြောင့်ကောင်လေးခမျာကြောင်နန။

"ဟဲ့!...ဘာတွေအဲ့လောက်တောင်ဖြစ်ပျက်ပြနေတာလဲ...နင့်ကိုခိုင်းစရာရှိလို့ဆင်းခိုင်းတာ...ရော့!...ငါတို့ရေခဲမှုန့်စားချင်လို့ သွားဝယ်ပေးချည်..."

ပြောရင်းရိပေါ်လက်ထဲယွမ်ပိုက်ဆံအနည်းငယ်ထည့်ပေးလာသည့်ဝမ်ရှန့်။ညီအမနှစ်​ယောက်တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လို့အထာပေါက်နေကျပုံအပြုံးတို့ကအမြင်ကတ်ဖွယ်အတိ။

FOLLOW ME[Complete]Where stories live. Discover now