33.Badly_you

7.9K 621 67
                                    

❦︎Unicode version❦︎

FOLLOW ME - 33
.
.
.
.
.
ကြိုဆိုသူမဲ့သည့်ရှောင်းကျန့်ရဲ့အိမ်ပြန်လမ်းဟာခြောက်ကပ်ကပ်။အပ်ကျသံပင်မကြားရအောင်တိတ်ဆိတ်နေသည့်အိမ်ကြီးထဲခြေချမိလိုက်တာနဲ့အချစ်ရဲ့အငွေ့သက်တွေပျောက်ရှနေမှုကြောင့်ခြေလှမ်းတွေဟာအသက်မပါလှ။လိုအပ်ချက်လေးတွေမှသူ့အနားမှာရှိမနေပဲလေ။ချာတိတ်လိုအပ်နေတဲ့အချိန်မှာတောင်သူရှိမနေပေးခဲ့တာ ဒီအထီးကျန်ဆန်ခြင်းက ပြစ်ဒဏ်အသေးအဖွဲလေးပါပဲ။

"ဟားးး!!!..."

ပင့်သက်ရှိုက်လို့ခေါင်းမော့လျှက်မျက်နှာကိုခပ်ကြမ်းကြမ်းကိုပွတ်သပ်လိုက်မိတယ်။ကြွေမီးပန်းဆိုင်ကြီးတွေနဲ့မျက်နှာကျက်ကိုငေးရင်းလူကအလိုလိုနေရင်းစိတ်ဓာတ်အကြီးအကျယ်ကျတယ်။ချာတိတ်နဲ့သားသားအနားမှာရှိမနေမဲ့ရက်တွေသူဘယ်လိုဖြတ်သန်းရပါ့။ဒါဟာလောကငရဲပါလားလို့တွေးရင်းမျက်လုံးတွေစုံမှိတ်လို့အိမ်တံခါးဝမှာတင်ခွေခနဲဒူးထောက်ချလိုက်မိတယ်။ပြဿနာအရင်းအမြစ်ကဘာလဲ။သေချာပေါက်သူသတိမထားမိတဲ့လစ်လှူရှုခြင်းတွေမှာချာတိတ်ယုံကြည်မှုတွေ ကျိုးပျက်သွားတာ။

တယိမ်းတယိုင်မတ်တပ်ထရပ်ပြီးခြေလှမ်းတွေကအိမ်ပေါ်ထပ်စီခပ်ယဲ့ယဲ့သာလှမ်းတယ်။အိပ်ခန်းတံခါးဖွင့်ဝင်လိုက်တော့ခြေဖဝါးအောက်ခုခနဲနင်းမိသွားသည့်အေးစက်စက်တစုံတရာ။နောက်ကိုခြေတလှမ်းဆုတ်ကြည့်မိတော့ကြယ်သေးသေးလေးနှစ်လုံးပါသည့်ဖန်စီfoodchainလေးကကြမ်းပြင်ထက်လက်ခနဲ။ချာတိတ်တမင်တကာချန်ခဲ့တာတော့မဟုတ်တန်ရာ။တော်ပါသေးရဲ့ဆိုသည့်အတွေးနဲ့သက်ပြင်းချနိုင်သည်ကတွယ်ချိတ်လေးပြတ်နေတာမြင်လိုက်ရမှ။ရတိပြတ်မဟုတ်သေးသည့်ဆက်နွယ်မှုလေးရှိနေသေးတော့ရှောင်းကျန့်မှာအနည်းငယ်ဖြေသာသလိုလို။

foodchainလေးကိုကတ္တီဗာဗူးလေးထဲထုတ်သိမ်းလို့အံဆွဲထည့်ပြန်ထည့်လိုက်တယ်။ပိုင်ရှင်ပြန်မလာခင်တော့မလှမပရှိနေဦးမပေါ့။မွေ့ယာထက်အိခနဲခြေပစ်လက်ပစ်လှဲချလိုက်မိတော့တကိုယ်တည်းညတွေဖြတ်သန်းရမှာလားဆိုသည့်စိတ်ကြောင့်တဖန်ရင်မောရပြန်တယ်။သူအကျင့်သားရသွားတဲ့အချိန်ထိတော့ချာတိတ်ပစ်မထားခဲ့လောက်ပါဘူးနော်။ခံနိုင်ရည်ကုန်ဆုံးသွားရင်သူအသက်ရှူခြင်းလုပ်ငန်းကိုပါရပ်ဆိုင်းမိလိမ့်မယ်ထင်တယ်။မဟုတ်သေးဘူး ချာတိတ်ကိုအတိုးချချစ်ဖို့ သူ့အပေါ်ချာတိတ်ယုံကြည်မှုတွေပြန်လည်တည်ဆောက်ရဦးမှာ။ဟုတ်တယ် အသေအချာပဲ သူလုပ်ဖို့ကျန်နေသေးတဲ့အရာ။

FOLLOW ME[Complete]Where stories live. Discover now