22.Holding_You

8.1K 699 59
                                    

❦︎Unicode version❦︎

FOLLOW ME - 22
.
.
.
.
.
"လျှမ်းငယ်...စိတ်လျော့ ရိပေါ်ပြန်ရောက်နေတယ်ဆိုကိုယ်တို့တွေ့မှာပါ..."

နော်ဝေးမှာကျောင်းသွားတက်တာလပိုင်းသာရှိသေးသည့်ရိပေါ်စီကရှန်ဟိုင်းပြန်ရောက်လာပြီဆိုတဲ့ဖုန်းရုတ်တရက်ကြီးလက်ခံလိုက်တာမို့ရီလျှမ်းမှာair portထဲပျာယာခတ်နေရတယ်။

ပိုင်ရန်ကတော့ရီလျှမ်းနဘေးတကောက်ကောက်လိုက်ရင်းခရီးသည်centerနဲ့receptionတွေမှာရိပေါ်ကိုကူရှာပေးနေတယ်။

ရိပေါ်ပြောတာသာအမှန်ဆိုရီလျှမ်းရှောင်းကျန့်ကိုစိတ်ရှိတိုင်းထုရိုက်ပလိုက်မိမလားပဲ။သူမထင်တာရှောင်းကျန့်နဲ့ဝမ်လေးနီးစပ်ခဲ့သည့်တိုင်မမှားခဲ့ကြဘူးပေါ့။ခုတော့...

"လျှမ်းငယ်...ရိပေါ်ကဟိုဘက်မှာထင်တယ်..."

တူဇောကတ်နေသည့်ရီလျှမ်းလည်းပိုင်ရန်ညွှတ်ပြရာအလျင်အမြန်လိုက်ကြည့်လိုက်မိတယ်။ခရီးသည်တွေထိုင်သည့်ထိုင်ခုံတန်းတွေနားဆက်လျှောက်သွားကြည့်တော့သူမတူလေးဝမ်လေးမှဝမ်လေးစစ်စစ်။

ကော်ဖီရောင်ကုဒ်အကြီးကြီးထဲကိုယ်လုံးသေးသေးလေးကမြုပ်ဝင်နေပြီးလည်တိုင်ကမာဖလာကြောင့်မျက်နှာလုံးလုံးလေးကတဝက်လောက်သာမြင်ရတော့သည်။ရှေ့ဆုံးကရေရင်သုံးခုံမြောက်ထိုင်ခုံလေးမှာluggageပန်းရောင်လေးဆွဲရင်းကုတ်ကုတ်လေးထိုင်နေတာ။

"ဝမ်လေး!!!..."

"တီလေး!...အင့်!..."

သူမခေါ်သံကြားမှဝမ်းသာအားရလှည့်ကြည့်လာသည့်ကောင်လေး။ရိပေါ်ထမလာခင်အရင်အနားသွားထိုင်လိုက်တော့ရင်ခွင်ထဲအင့်ခနဲနေအောင်တိုးဝင်လာတယ်။သူမတူလေးဟိုမှာတစ်ယောက်တည်းဘယ်လောက်တောင်အားငယ်ခဲ့ရမလဲနော်။

"ဝမ်လေး အဲ့ဒါတကယ်ပဲလား!..."

"အင့်!...အင်း!..."

ပုခုံးလေးနှစ်ဖက်ကိုကိုင်လို့ရင်ခွင်ထဲကဆွဲထုတ်လိုက်ရင်းလေးလေးနက်နက်မေးတော့မျက်ရည်တွေနဲ့ခေါင်းတွင်တွင်ငြိမ့်ပြလာတယ်။တောင်းပန်တိုးလျှိုးသလိုအကြည့်တွေထဲဝမ်းနည်းအားငယ်နေသည့်အရိပ်တွေရောပြွန်နေလိုက်တာများရီလျှမ်းယူကြုံးရလို့မဆုံး။သူမသာသေချာစောင့်ရှောက်နိုင်ခဲ့ရင်ဝမ်လေးဒီလိုတွေဖြစ်လာမှာမဟုတ်ဘူး။

FOLLOW ME[Complete]Where stories live. Discover now