29.Unremarked

5.9K 569 42
                                    

❦︎Unicode version❦︎

FOLLOW ME - 29
.
.
.
.
.
"ဟယ်!...လှရက်လိုက်တာ...Sir'နဲ့ဘယ်လိုပတ်သပ်တာလဲမသိဘူးနော်..."

"ဟုတ်ပ!...အဲ့မမကိုဒီမှာတခါမှမမြင်ဖူးဘူး...လှတာတော့တော်တော်လှတယ်ဟာ..."

"မိန်းကလေးချင်းတောင်မနာလိုချင်စရာကောင်းလိုက်တာ!..."

"အတော်ချမ်းသာမယ်ပုံပဲဟ...တကိုယ်လုံးlimit brandတွေချည်းပဲ..."

ကုမ္ပဏီအတွင်းခြေချမိတာနဲ့ဝန်ထမ်းတွေစီကအားကျသလို ငေးမောဖွယ်ရာတစ်ခုလို ရူပကာ၏ကောင်းခြင်းအပြင်ဓာနဂုဏ်တို့အားဖော်ကျူးပင့်မြှောက်ပြောဆိုခံနေရသည့်သူမ။နီညိုရောင်ဆံနွယ်ရှည်ကြီးအားအခွေအလိပ်တွေအဖြစ်ပုံသွင်းထားပုံကကြွကြွရွရွ။ပြောင်လက်နေသည့်အနီရောင်တောက်တောက်ထောင့်ဖိနပ်နဲ့ပေါင်လယ်လောက်ရှိတဲ့အနီရောင်ပိုးသားကိုယ်ကျပ်ဝါဝန်အတိုကိုတွဲဖက်ဝတ်ဆင်ထားမှုကြောင့်သူမဟာအယောင်ပြစရာမလိုပဲလူအများကြားထင်းခနဲ။တကိုယ်လုံးအနီရောင်လွှမ်းထားသည့်အပြင်နီရင့်ရင့်နှုတ်ခမ်းဆိုးဆေးကြောင့်ပင်သူမပုံစံကရဲတင်းနေဟန်ယုံကြည်မှုတို့အပြည့်။

"excuse me!..."

"အာ!...ဒီ,ဒီကမမ ဘာကိစ္စများရှိပါသလဲရှင့်!..."

အနက်ရောင်နေကာမျက်မှန်ဝိုင်းကြီးကိုမျက်နှာထက်ကဖယ်ရှားလိုက်ပြီးreceptionနားလျှောက်သွားလိုက်တော့ဝန်ထမ်းမလေးကသူမကိုရှိန်တယ်ထင်ပျာပျာသလဲဆိုလာတယ်။

"ရှောင်းကျန့်,ရှိတယ်မဟုတ်လား!..."

"ရှင်!..."

မကြောက်မလန့်CEOကိုနာမည်တပ်ခေါ်သည့်သူမကြောင့်ထိုဝန်ထမ်းမလေးကကြောင်တောင်တောင်နဲ့တအံ့တသြ။

"အာ!...မင်းတို့ရဲ့CEOရှောင်းကိုပြောတာ...ကုမ္ပဏီမှာသူရှိနေလား...အမသူနဲ့တွေ့ချင်လို့..."

သူမတချက်စဥ်းစားပြီးအခေါ်ဝေါ်ပြင်လိုက်မှကောင်မလေးကအသက်ရှူချောင်သွားဟန်။

"ဟုတ်ကဲ့!...Sirကအစည်းအဝေးတက်နေပါတယ်...မကြာတော့ပါဘူး ခဏနေပြီးတော့မှာပါရှင့်!..."

"သူ့ရုံးခန်းက..."

"ဟိုဘက်မှာပါရှင့်!..."

FOLLOW ME[Complete]Où les histoires vivent. Découvrez maintenant