25.Should_know

7.8K 740 47
                                    

❦︎Unicode version❦︎

FOLLOW ME - 25
.
.
.
.
.
Hotelတစ်ခုနဲ့ဆက်ထားသည့်နာမည်ကြီးဘုရားကျောင်းကြီးတခုအတွင်းလူတွေကတော့တကြိတ်ကြိတ်။ခမ်းမတခုလုံးအပြည့်အလှဆင်ထားသည့်ငွားငွားစွင့်စွင့်ပွင့်အာနေတဲ့နှင်းဆီဖြူတို့ကဟိုဟိုဒီဒီဖွေးဖွေးလှုပ်လျှက်။

ခရစ်တော်၏သားတော်တဖြစ်လည်းဖာသာနဘေးမှာရပ်နေသည့်အမျိုးကောင်းသားတို့မှာဧည့်ပရိတ်သတ်တို့နှစ်ခါပြန်ငေးရလောက်အောင်ခန့်ညားကြည့်ကောင်းလွန်းနေကြပြန်သည်။

အပြုံးဝေနေသည့်လူအုပ်ကြီးကိုဝေ့ကြည့်ရင်းစိတ်လှုပ်ရှားနေဟန်လက်ကchannelနာရီကိုခဏခဏငုပ်ကြည့်နေသည့်ရှောင်းကျန့်ကြောင့်ပိုင်ရန်ရှောင်းကျန့်ပုခုံးကိုပုတ်လိုက်ရင်းအားပေးလိုက်မိတယ်။

အလျင်လိုနေသည့်ရှောင်းမားကြောင့်ရှောင်းကျန့်နဲ့ရိပေါ်တို့ရဲ့မဂ်လာပွဲကပိုင်ရန်နဲ့ရီလျှမ်းတို့ထက်စောစီးစွာဖြစ်မြောက်လာရခြင်း။ဘာနေနေဒီလိုနေ့ရောက်လာတော့လည်းဘယ်လောက်ပင်တည်ငြိမ်တည်ငြိမ်ပိုင်ရတော့မယ်ဆိုသည့်အသိကြောင့်ရှောင်းကျန့်စိတ်အစဥ်တို့ကတော့အမှန်တကယ်ခုန်လှုပ်နေတော့တာ။

"ခဏနေရိပေါ်လာတော့မှာရှောင်းကျန့်!..."

"အင်း!..."

နဘေးကသူတို့သားအရံဖြစ်သည့်ပိုင်ရန်ကိုခေါင်းအသာငြိမ့်ပြလိုက်ပြီးအနီရောင်ကတ္တီဗာကော်ဇော်ခင်းလျှောက်လမ်းအဆုံးကဘုရားကျောင်းအဝင်ဝကိုသာအာရုံစိုက်ထားလိုက်တယ်။

မကြာလိုက်ပန်းတွေအလှဆင်ထားသည့်ပြောင်လက်နေသည့်အဖြူရောင်ကားတစ်စီးငြိမ့်ခနဲထိုးရပ်လာတယ်။ပွင့်ဟလာသည့်တံခါးရွက်အလွန်အတောက်ပဆုံးဆိုတာတွေနဲ့အလှဆုံးဖြစ်နေသည့်သူ့ရဲ့အဖြူရောင်သတို့သားလေးကသိပ်မကြာခင်သူ့ရှေ့ရောက်လာတော့မည်။

ဟော့ သူလေးပြုံး၏။မကြားနိုင်ပေမဲ့ဦးငယ်ဆိုကာနှုတ်ခမ်းလေးလှုပ်ခတ်သွားရင်းသူ့ကိုလှမ်းခေါ်နေသယောင်ခုချက်ချင်းပဲအနားပြေးလာတော့မလိုလို။အဖြူရောင်ကောင်လေးကအဖြူရောင်နှင်းစည်ပန်းစည်းလေးကိုင်ဆောင်လျှက်ဖခင်ဖြစ်သူလက်ကိုကိုင်ပြီးလျှောက်လမ်းထက်​ခြေချမိချိန်တဖြောင်းဖြောင်းနဲ့ခမ်းလုံးပွင့်မတတ်လက်ခုပ်သံတွေနဲ့အတူဧည့်ပရိတ်တို့ကမတ်တပ်ထရပ်ပြီးကောင်းချီးပေးလေရဲ့။

FOLLOW ME[Complete]Where stories live. Discover now