32.Broken_trust

6.7K 611 62
                                    

❦︎Unicode version❦︎

FOLLOW ME - 32
.
.
.
.
.
"သားသား...အဝေးကြီးလျှောက်မဆော့နဲ့နော်...ခြံရှေ့မှာပဲကစားရမယ်...ဟုတ်လား!..."

"ဟုတ်ပါးပါး!..."

"promise!..."

"Yes,ပါးပါး!..."

ဘောလုံးအဝါရောင်လေးပိုက်လျှက်သားသားကခေါင်းလုံးလေးကိုတဆက်ဆက်ငြိမ့်ပြလာတယ်။ဆံသားနက်နက်တွေကိုချစ်မြတ်နိုးစွာဖွပေးလိုက်တော့မျက်လုံးလေးတွေမှေးကျသည်အထိရယ်ပြလို့အိမ်ရှေ့မြက်ခင်းပြင်ကျယ်စီတလိမ့်လိမ့်ပြေးသွားပါလေရော။လက်ထဲကဘောလုံးကိုအောက်ချ ပြီးခြေထောက်တုတ်တုတ်လေးနှစ်ဖက်နဲ့မနားတမ်းပြေးလွှားဆော့ကစားနေသည့်သားသားကတယောက်တည်းဆိုပေမဲ့ဆော့နေရတာနဲ့တင်တခစ်ခစ်ရယ်မောလို့အပူပင်ကင်းကင်းနှင့်လွတ်လွတ်လပ်လပ်ပင်။

ရိပေါ်လည်းသားသားကိုတခါတခါလှမ်းလှမ်းကြည့်ရင်းအငြိမ်မနေတတ်တာနဲ့အိမ်ထဲသန့်ရှင်းရေးလုပ်နေမိတယ်။နေမကောင်းတာကြောင့်ချွေးထွက်အောင်လှုပ်လှုပ်ရှားရှားနေရင်းစာအုပ်စင်တွေစားပွဲတွေကိုရှင်းလင်းပြီးတော့လူကနည်းနည်းပမ်းလာသလို။မတည့်ပေမဲ့ရေခဲသတ္တာထဲကရေခဲရေကိုသာအမောပြေအလွယ်မော့သောက်လိုက်မိတယ်။

sofaမှာခဏထိုင်နားနေတုန်းအိမ်ရှေ့ကသားသားကိုလှမ်းကြည့်တော့မြက်ခင်းပေါ်ဖင်ထိုင်ရက်လေးနှင့်နဘေးမှာဘောလုံးလေးချထားပြီးပန်းအိုးထဲကခရင်းကွလေးနဲ့မြေကြီးတွေကိုထိုးဆွပြီးဆော့နေတာတွေ့တယ်။နောက်မှရေတခါတည်းချိုးပေးလိုက်မယ်ဆိုသည့်အတွေးနဲ့ရိပေါ်လည်းဘာမှမပြောတော့။အလုပ်ပိတ်ရက်သားသားအခန်းသန့်ရှင်းလုပ်ဖို့သတိရလိုက်တာမို့ဆက်ထိုင်မနေတော့ပဲအပေါ်ထပ်တက်သွားလိုက်တယ်။

ဟိုတစ်ခုဒီတစ်ခုပွရှုပ်နေသည့်အရုပ်တွေကိုတစုတစည်းတည်းစုထားလိုက်ပြီးသားသားအိပ်ရာခင်းကိုပါချွတ်ပြီးအဝတ်လျှော်ခြင်းထဲထည့်သယ်လာလိုက်တယ်။တဆက်တည်းဦးငယ်နဲ့သူ့အဝတ်တွေပါလျှော်ဖို့အတွက်သွားယူတော့အဝတ်တွေကနှစ်ယောက်စာမို့အိပ်ခန်းထဲကအဝတ်လျှော်ခြင်းကပြည့်လုလု။နှစ်ယောက်သားအဝတ်တွေရောထားထားပေမဲ့ဦးငယ်ကသူ့အဝတ်တွေကိုအဝတ်လျှော်စက်နှင့်လျှော်ရင်မကြိုက်ဘူး။

FOLLOW ME[Complete]जहाँ कहानियाँ रहती हैं। अभी खोजें