10.Not_easy

7.7K 735 110
                                    

❦︎Unicode version❦︎

FOLLOW ME-10
.
.
.
.
.
တနေ့ကစလို့အပြောင်းလဲကြီးပြောင်းလဲသွားသည့်ဦးငယ်။ရိပေါ်ကိုတီလေးရီလျှမ်းရှေ့မှာမို့ဝတ်ကျေတမ်းကျေမေးထူးခေါ်ပြောလုပ်ရုန်ကလွဲအရင်ချိန်တွေလိုတဖက်သတ်ဆန်သည့်ထိကပါးရိကပါးအပြုအမူတွေလုပ်မလာတော့တဲ့အပြင်နှစ်ယောက်မျက်နှာချင်းဆိုင်တွေ့မိရင်တောင်အပြုံးတို့ကမတူညီစွာလှောင်ပြောင်ရိပ်တွေဖြည့်စွက်ထားလေသလားပဲ။

ရိပေါ်ရှေ့မှာဆိ​ုရီလျှမ်းကိုအကဲပိုစွာချစ်ပြတတ်သည့်ရှောင်းကျန့်။တမင်တကာလုပ်ပြနေမှန်းသိသည့်အလျှောက်ရိပေါ်နာကျင်မှုကနဲနဲလေးမှလျော့မသွား။ဦးငယ်ဘာကိုဦးတည်နေလဲရိပေါ်ရေရေရာရာမသိသလို ဦးငယ်ကိုလည်းရိပေါ်စိုးစဥ်မျှမငြိုငြင်မိပါလေ။

ဒါဟာလူမှန် နေရာမှန်ဆိုသည့်စိတ်တို့နဲ့ရိပေါ်နှလုံးသားအလိုကိုခုချိန်ထိမျက်ကွယ်ပြုတုန်း။နာကျင်ပေမဲ့လည်းချစ်ရတဲ့တီလေးပျော်တာမို့ရိပေါ်ကျေနပ်ပါသည်။သူ့အပေါ်ခဏမျှစိတ်လေလာသသည့်ဦးငယ်ကိုသူဘက်ကတခဏတာသာယာမိခြင်းတော့မဟုတ်။

ထားပါလေ ခုတော့အကယ်ဒမီရှော့သရုပ်ဆောင်ချက်တွေနဲ့ဦးငယ်၏ဟန်ဆောင်ချစ်ခြင်းstoryမှာရိပေါ်ကအနာကျင်ခံလို့မျက်ရည်တွေနဲ့ပြုံးရပါဦးမည်။ဦးငယ်သိပ်တော်ပါသည်။

"မ!..."

ခေါ်သံနဲ့အတူခါးထက်ရစ်နှောင်လာသည့်လက်ကြောင့်တီလေးရီလျှမ်းကကြည်ကြည်နူးနူးပြုံးကာစိမ်းမြမြသွေးကြောတို့နဲ့ထိုလက်ကိုအုပ်ကိုင်လိုက်သေးသည်။

"မောင့်!...ဘယ်ကဘယ်လိုရောက်လာတာလဲ...ရီလျှမ်းစီမလာစဖူးအလာထူးလို့...အဟင်း..."

ဒီနေ့မှထူးထူးဆန်းဆန်းfashion shopကိုလိုက်လာသည့်ရှောင်းကျန့်ကြောင့်ရီလျှမ်းထိုသို့မေးမိခြင်း။အကြောင်းမရှိအကြောင်းရှာရိပေါ် ရီလျှမ်းနဲ့ရှိနေမှန်းသိ၍တကုတကဒဏ်ရာလာပေးသူကရှောင်းကျန့်ရယ်ပါ။

"မ ကလည်းကိုယ့်မိန်းမစီကိုယ်လာတာအဆန်းလုပ်လို့...ရုံးဆင်းပြီလေ...မကိုအရမ်းအရမ်းလွမ်းတာနဲ့...ရွှတ်!..."

FOLLOW ME[Complete]Where stories live. Discover now