19.Smile&Tear

7.1K 626 44
                                    

❦︎Unicode version❦︎

FOLLOW ME-19
.
.
.
.
.
တဖြောက်ဖြောက်ကြားနေရသည့်ရေကျသံတွေကတိုးသွားလိုက်ကျယ်လာလိုက်။တကိုယ်လုံးရေတွေစိုရွှဲသည်အထိရေဗန်းအောက်ဒူးလေးတုံ့ထိုင်နေသည့်ကောင်လေးကပုခုံးလေးနှစ်ဖက်တသိမ့်သိမ့်။တအင့်အင့်ငိုရှိုက်သံလေးတွေကမညီမညာခပ်အပ်အပ်ပျံ့လွင့်ဆဲ။

ရေတွေနဲ့အတူမျောပါမသွားသည့်ဝမ်းနည်းမှုတို့ကနှလုံးသားလေးကိုတခုခုနဲ့စုတ်ညှစ်ခံနေရသလိုနာနာကျင်ကျင်။တဖိတ်ဖိတ်အရောင်လက်နေသည့်​ခြေချင်းဝတ်ကfoodchainလေးကိုကိုင်ကြည့်ရင်းသူကဦးငယ်လူလို့သတ်မှတ်ခံခဲ့ရပါလားတွေးမိလို့ကြည်နူးမိသေး။

လက်လွှတ်ရတော့မှာပါလားစဥ်းစားမိတိုင်းလည်းဝဲဘတ်ရင်အုံကတဆစ်ဆစ်။ရူးသွပ်ခဲ့သည့်အချိန်တိုင်းဦးငယ်ကြောင့်ရိပေါ်ပျော်ခဲ့ရတယ်။ကြောက်လည်းကြောက်ခဲ့ရတယ်။ရင်ဖိုဖွယ်လည်းကောင်းခဲ့တယ်။ချစ်လည်းသိပ်ချစ်ခဲ့ပါတယ်။

"အင့်!...ဟင့်!..."

နုနယ်လွန်းသူမို့ဦးငယ်ဆိုသည့်အချစ်ဦးကရိပေါ်အတွက်တသက်လုံးမမေ့ပျောက်နိုင်သည့်လှလှပပဒဏ်ရာလေးဖြစ်နေတော့မှာ။ဝဲဘတ်ရင်အုံလေးကိုဖိနှိပ်ရင်းအံကြိတ်ငိုမိတော့ရေတွေကြားခိုက်ခိုက်တုန်ယင်နေသည့်ကိုယ်လေးနဲ့နီဆွေးလာသည့်မျက်ဝန်းလေးတွေ။

"ဝမ်လေး!...ဝမ်လေးရေ...ဟော့တော့...ဒီကောင်လေးတော့ခုထိဆင်းမလာဘူး..."

တပြစ်တောက်တောက်ပြောရင်းရီလျှမ်း ရိပေါ်ကိုအိပ်ခန်းထဲထိဝင်ရှာတော့ရေချိုးခန်းထဲကရေကျသံသဲ့သဲ့သာကြားနေရပြီးထူးသံပြန်မလာတာကြောင့်ရေချိုးခန်းရှေ့လျှောက်သွားရင်းတံခါးသွားခေါက်လိုက်တယ်။

ဒေါက်! ဒေါက်!

"ဝမ်လေး...ရေချိုးနေတာလား...မိုးချုပ်နေပြီလေကွယ်...ဝမ်လေး တီလေး​ပြောတာကြားလား...ဝမ်လေး!..."

ဘယ်လောက်ပြောပြောအထဲကအသံမပေးတာမို့ရီလျှမ်း ရိပေါ်ကိုစိုးရိမ်လာရတယ်။တော်တော်ကြာတုံ့ပြန်မှုမရှိတာမို့ရီလျှမ်းမနေနိုင်စွာရေချိုးခန်းတံခါးဖွင့်ဝင်မိတော့ရေဗန်းအောက်ဒူးလေးတုံ့လို့ငြိမ်နေသည့်သူ့တူလေး။

FOLLOW ME[Complete]Onde as histórias ganham vida. Descobre agora