3.Adultery

9.5K 860 114
                                    

Unicode version...

FOLLOW ME-3
.
.
.
.
.
ရှောင်းကျန့်ဘေရှင်းပြီးချာတိတ်ကိုပြန်ကြည့်တော့စားသောက်ဆိုင်တဖက်ကလူသွားပလက်ဖောင်းပေါ်ပင်ရောက်နေပြီဖြစ်တဲ့ကောင်လေးကဘတ်အိပ်ပိစိလေးလွယ်လို့လုံးတုံးလုံးတုံးနဲ့Taxiငှားဖို့ကြိုးစားနေပုံလက်ကလေးနှစ်ဖက်ကဝေ့ကာရမ်းကာဖြင့်။

"အဟက်...ချာတိတ်လေးကကွာ!..."

ခပ်ဟဟရယ်ရင်းရှောင်းကျန့်ရေရွတ်လိုက်ပုံကသူ့ကိုကြောက်ကာမစောင့်ပဲထွက်သွားသည့်ချာတိတ်ကိုစိတ်တိုလို့မဟုတ်ပဲအသည်းယားလာလို့။

ဘယ်သူမဆိုရှောင်းကျန့်ဘက်ကနယ်မကျွံရင်တောင်အရင်လာနွယ်ကြသူတွေချည်း...ချာတိတ်ကတော့မတူ...သူ့ဘက်ကကြွေကျ ပြရင်တောင် ချာတိတ်သူ့ဘက်ပါလာဖို့မသေချာခြင်းက99.99ရာခိုင်းနှုန်းလောက်ရှိမည်ထင်။

သူ့ကိုဦးလေးတစ်ယောက်လိုမြင်နေသည့်တူလေးကိုပြစ်မှားချင်နေတဲ့စိတ်... လူမှုရေးဖောက်ပြားတယ်ပြောပြောရှောင်းကျန့်ဆိုတဲ့သူကရှေ့ဆက်ဖို့ပဲရွေးတယ်။

မထိန်းချုုပ်နိုင်စရာအလှတရားတွေကချာတိတ်စီမှာပုံအောဖြစ်တည်လေသလားပဲ။အဖြူရောင်လေးဆိုအရောင်ဆိုးပေးချင်သည့်သူနဲ့တော့ခက်ရချည်ရဲ့။

ကလေးမုန့်ပေးကြိုက်ရအောင်လည်းချာတိတ်ကကလေးမဟုတ်သည့်ကလေးကြီးဖြစ်နေလေတော့...ဆိုးတတ်ပေတတ်ဖို့သင်ပြပေးရဦးမယ်ထင်ရဲ့။

စားပွဲပေါ်ကကားသော့ဆွဲပြ​ီးဆိုင်ပြင်မှာရပ်ထားသည့်မာစီးဒီးကားနက်ကြီးစီလျှောက်သွားလိုက်တယ်။

ချာတိတ်ကားတားနေသည့်အနားမောင်းသွားလိုက်တော့taxiငှားမရသည့်ချာတိတ်ကဘတ်စ်ကားမှတ်တိုင်စီတလိမ့်လိမ့်ပြေးတယ်။

အော်ဟော်...မောနေရော့မယ်ချာတိတ်လေးရယ်။

အကြာလိုက်ဘတ်စ်ကားရပ်ပြီးခရီးသည်တွေဆင်းနေတုန်းချာတိတ်ကကားထဲထိုင်နေသည့်ရှောင်းကျန့်ကိုတချက်လှမ်းကြည့်ပြ​ီးကြပ်သိပ်နေသည့်လူအုပ်တွင်းမရမကတိုးဝင်သွားတယ်။

သူဘတ်စ်ကားနဲ့သွားမှာမို့လိုက်မပို့လည်းရတယ်ဆိုသည့်သဘော။ခပ်ရေးရေးပြုံးရင်းရှောင်းကျန့်ကcar driver handကိုလက်ညှိုးနဲ့တတောက်တောက်ခေါက်တယ်။

FOLLOW ME[Complete]Where stories live. Discover now