11.Hopeless_Meeting

7.6K 697 102
                                    

❦︎Unicode version❦︎

FOLLOW ME-11
.
.
.
.
.
"မောင့်!...ဘာတွေလျှောက်လုပ်နေတာလဲ..."

"ဘာကိုလဲ မ...ကျွန်တော်လည်းဘာမှမသိရပါလား..."

ဧည့်ခန်းတွင်းကလေပြင်းမုန်တိုင်းတစ်ခု။ရီလျှမ်းကစိတ်ဆိုးဒေါသထွက်နေသလောက် sofaကိုကျောမှီထိုင်နေသည့်ရှောင်းကျန့်ကတော့နားမလည်သလိုမေးခွန်းပြန်ထုတ်ရင်းအေးအေးလူလူပင်။

"ဒါဘာတွေလဲမောင်!...မောင့်ကိုယ်မောင်အိမ်ထောင်ဦးစီးတစ်ယောက်ဆိုတာမသိတော့တာလား!..."

စားပွဲပေါ်ဓာတ်ပုံအမြောက်အများပစ်တင်လိုက်ရင်းရီလျှမ်းပုံစံကအချိန်မရွေးပေါက်ကွဲနိုင်သည့်ချိန်ကိုက်ဗုံးတစ်လုံးလို။

ရီလျှမ်းပစ်တင်ပေးသည့်ဓာတ်ပုံတွေကိုတချက်မျှစောင်းငဲ့ကြည့်ပြီးရှောင်းကျန့်ကလက်ဖျားနဲ့တောင်မတို့ပဲလှစ်ခနဲပြုံးတယ်။

သူဒါတွေမသိပဲနေမလား။ချာတိတ်သူ့အပေါ်ပစ်ပစ်ခါခါအငြင်းဆောင်လို့မသိကျိုးကျွံပြုထားသည့်အချိန်ကစပြီးသူတွဲခဲ့တဲ့ဇယားတွေကနဲနဲနောနောမှမဟုတ်ပဲ။

အနည်းဆုံးတစ်ယောက်တည်းနဲ့တွဲရင်တောင်သိသိသာသာဟိုးလေတကျော်ကျော်ဖြစ်တတ်သည့်သူတို့အသိုင်းအဝိုင်းမှာတစ်ပတ်တစ်ယောက်မရိုးအောင်ထည်လဲတွဲနေသည့်သူ့အကြောင်းတွေရီလျှမ်းစီပေါက်ကြားသွားတာအဆန်းတော့မဟုတ်။

ဒါပေမဲ့ချာတိတ်ကတော့ရှောင်းကျန့်အကြောင်းတွေကြားသိပါလျှက်လစ်လှူရှုထားနိုင်လောက်အောင်အသည်းမာသူလေး။ဒီကောင်လေးကြောင့်သာသူမျက်နှာများရခြင်းဖြစ်ပြီးထိုကောင်လေးသာသူ့ကိုတားနိုင်ပေလိမ့်မည်။ချာတိတ်လေးသာပြန်ချစ်ရင်ရှောင်းကျန့်အားလုံးကိုပလစ်နိုင်တယ်။ခက်တာက ချာတိတ်ခေါင်းမာလွန်းအားကြီးနေတာ။

"မောင့် ရီလျှမ်းမေးနေတယ်လေ!...ပြောပါဦး!...မောင် ဒီလိုတွေလုပ်နေတဲ့ရည်ရွယ်ချက်က!..."

"ဒီလိုပဲ ပျင်းလို့ ပျော်စရာလေးတွေရှာကြည့်တာ..."

ပုခုံးနှစ်ဖက်ပင့်ပြလို့ရှောင်းကျန့်ပြန်ဖြေပုံကစည်းဘောင်လွတ်လွန်းနေသည်။သူ့အတွက်တော့ဖြစ်ချင်ရာဖြစ် ချာတိတ်သူ့စီစိတ်လည်လာဖို့သာအရေးကြီးသည်လေ။

FOLLOW ME[Complete]Where stories live. Discover now