9.Fool_with_pain

8K 760 128
                                    

❦︎Unicode version❦︎

FOLLOW ME-9
.
.
.
.
.
"ဝမ်လေးအတွက်..."

"ကျေးဇူးတီလေး..."

ကော်ဖီထက် အအေးစာတွေသာနှစ်ခြိုက်သည့်ရိပေါ်အတွက်ရီလျှမ်းကblenderနဲ့သေချာကြိတ်ဖျော်ထားတဲ့အအေးခွက်လေးထမင်းစားပွဲပေါ်လာချပေးတယ်။

ညကလည်းဘယ်ချိန်အခန်းထဲကပြန်သွားမှန်းမသိမနက်အိပ်ရာနိုးလို့မတွေ့ပြန်တော့လည်းရိပေါ်မှာမျက်လုံးမှေးမှေးလေးတွေကကျီးကန်တောင်းမှောက်။ဦးငယ်ကိုမသိမသာရှာနေမိတယ်။

"ဝမ်လေး မင်းဦးငယ်ကိုရှာနေတာလား..."

"ဗျာ!...မ မဟုတ်..."

ပေါင်မုန့်ထော်ပတ်သုတ်လုပ်နေရင်းရီလျှမ်းကရိပေါ်အတွေးကိုသိနေဟန်ထမေးတာမို့ရိပေါ်မှာအထိတ်ထိတ်အပျာပျာ။တီလေးကရိုးရိုးတန်းတန်းမေးတာဖြစ်ပေမဲ့ရိပေါ်တကယ်လန့်သွားခြင်း။

"မင်းဦးငယ်ကအခန်းထဲမှာရေချိုးနေတာထင်တယ်...တအောင့်နေလာလိမ့်မယ်...ဝမ်လေးစားနှင့်နော်..."

"ဟုတ် တီလေး..."

တီလေးရီလျှမ်းကိုဖျော့ဖျော့ပြုံးပြလိုက်ရင်းရိပေါ်ရှေ့ကအအေးခွက်လေးကိုမော့သောက်နေလိုက်တယ်။ဦးငယ်ရှိမနေလို့သာ။မဟုတ်ရင်သူတီလေးကိုဒီထက်ပိုပြီးမျက်နှာပူနေမိမှာ။တညလုံးဦးငယ်ကတီလေးမဟုတ်တဲ့သူနဲ့ရှိနေခဲ့တာမဟုတ်လား။

R...i...n...g...☎...

"အယ်...ဝမ်လေး တီလေးဖုန်းသွားကိုင်လိုက်ဥ​ီးမယ်...ပေါင်မုန့်ထောပတ်သုတ်ထားပေးတယ်...ယူစားနော်..."

အိမ်ဖုန်းမြည်သံကြောင့်ရီလျှမ်းကရိပေါ်ခေါင်းလေးကိုဖွဖွပုတ်လို့ဧည့်ခန်းဘက်ခပ်မြန်မြန်ပဲထွက်သွားတယ်။

ရိပေါ်လည်းပန်းကန်ပြားထဲကblueberry creamသုတ်ထားတဲ့ပေါင်မုန့်ချပ်လေးရွေးယူကာတကိုက်ကိုက်လို့တမြုပ်မြုပ်ဝါးပစ်မိတယ်။

"ချာတိတ်ကနံနက်စာတောင်စားနေပြီလား..."

အသံလာရာကြည့်လိုက်မိတော့ခါးမှာတပတ်ဖြူတစ်ထည်ပတ်လျှက်မီးဖိုဆောင်ထဲဝင်လာသည့်ဦးငယ်။တခြားတဘက်တစ်ထည်နဲ့ရေစက်လက်ဖြစ်နေသည့်ခေါင်းကိုသုတ်ရင်းအနားလျှောက်လာတာမို့ရိပေါ်မှာဝါးထားသမျှပေါင်မုန့်ပင်မျိုမကျတော့။

FOLLOW ME[Complete]Where stories live. Discover now