26.Way_back_home

7.2K 638 65
                                    

❦︎Unicode version❦︎

FOLLOW ME - 26
.
.
.
.
.
ဂျလောက်!

ဖွင့်ဟလာသည့်ရေချိုးခန်းတံခါးနဲ့အတူရှောင်းကျန့်ကတကိုယ်လုံးရေစက်လက်ဖြင့်အိပ်ခန်းထဲခြေချတယ်။ခြေသလုံးနဲ့ဝမ်းဗိုက်တလျှောက်ကမွေးညှင်းတချို့မှာရေတွေကြောင့်စိုကတ်လို့။ဖြူစွတ်စွတ်မဟုတ်သည့်ညိုစိမ့်စိမ့်အသားရည်ကခပ်စိုစိုမို့ထိုယောက်ျားဟာတဘက်တစ်ထည်တည်းကိုယ်ပေါ်ကပ်ထားတာတောင်manlyဆန်လို့ကြည့်ကောင်းနေပြန်သည်။

"ချာတိတ်နေ...ကျစ်!..."

ရှောင်းကျန့်ကိုမြင်သည်နှင့်ဗီရိုထဲကတဘက်တစ်ထည်ပြေးယူသည့်ဗိုက်လုံးလုံးနဲ့ကောင်လေး။စိတ်မချစွာတားပေမဲ့တဘက်လေးကိုင်လို့အနားရောက်လာပြီဖြစ်တဲ့ရိပေါ်ကြောင့်ရှောင်းကျန့်ကခါးထောက်လို့စုတ်တစ်ချက်သပ်တယ်။မတော်လို့ချော်လဲမှဖြင့်ငါးပါးမှောက်ရချည်ရဲ့။

လက်ထပ်ပြီးသည်မှစလို့သူတို့နှစ်ဦးရဲ့အိမ်ထောင်သက်တမ်းနဲ့မကွာလှစွာချာတိတ်ဗိုက်ထဲကအကောင်ပေါက်ကခုဆို၈လအကေျာ်ထဲပင်ရောက်နေပြီဖြစ်သည်။သူသူငါငါနဲ့ရှောင်းအိမ်တော်မှာဗိုက်ပူချာတိတ်လေးကိုဆိုသဲသဲလှုပ်။

ချာတိတ်ဗိုက်ကလုံးလုံးလေးဖြစ်လာသလိုကျောင်းလည်းအတန်သင့်နားထားရတယ်။အပြင်က​ဖြေလို့ရပေမဲ့ရိပေါ်ကိုနည်းနည်းမှအပင်ပမ်းမခံလိုသည့်ရှောင်းကျန့်ကထိုအရာကိုခွင့်ပြုမထား။အသေးလေးမွေးပြီးမှကျောင်းဆက်တက်ဖို့ကိစ္စစဥ်းစားပေးမယ်ဆိုကာရိပေါ်ကိုနားနားနေနေပဲနေစေတယ်။

"ဦးငယ် ဖို့အက်ျီထုတ်ပေးမယ်...အင့်!...အာ့!..."

သူ့လက်ထဲတဘက်ထည့်ပေးပြီးအဝတ်ဗီရိုနားပြန်သွားဖို့ပြင်နေသည့်ချာတိတ်ကိုအသာကောက်ပွေ့လိုက်တော့မျက်လုံးလေးပြူးလို့။အသည်းတယားယားနှာလုံးလေးကိုဖွဖွကိုက်လိုက်မိတော့အာ့ခနဲအောက်နှုတ်ခမ်းလေးထော်တက်လာတယ်။

"အငြိမ်ကိုမနေဘူး!..."

ပြုံးစစပြောပြီးချာတိတ်ကိုကုတင်စီပွေ့ခေါ်သွားလိုက်တယ်။မွေ့ယာပေါ်အသာချပေးပြီးရေစိုနေသည့်ဆံပင်ကိုခပ်ဆက်ဆက်သုတ်ရင်းပြန်ကြည့်တော့မွေ့ယာပေါ်တင်ပျဥ်ခွေလေးထိုင်နေသည့်ချာတိတ်ကဆူပုတ်ပုတ်။သူဒါလေးတောင်လုပ်မပေးရဘူးလားပေါ့။

FOLLOW ME[Complete]Where stories live. Discover now