20.The_whole_tomorrow

9K 666 51
                                    

❦︎Unicode version❦︎

FOLLOW ME-20
.
.
.
.
.
"အင့်!..."

ဖေရှီးကလည်းရှောင်းကျန့်လက်ချက်နဲ့ပြန်မထနိုင်သေးတဲ့အချိန်ကားစီအတင်းဆွဲခေါ်နေသည့်ဦးငယ်ကြောင့်ရိပေါ်ကိုယ်လေးရှောင်းကျန့်လက်ထဲရုန်းရင်းကန်ရင်းကားနားထိယက်ကန်ယက်ကန်နဲ့ပါသွားရတယ်။

"ဟင့်!...မလိုက်ဘူးဆို...လွှတ် လွှတ်လို့ဆိုနေ!...အင့်!..."

"ချာတိတ်မင်း!!!...ကျစ်!..."

မရမကဆွဲထားသည့်လက်ကိုရုန်းထွက်လို့လူသွားပလက်ဖောင်းအတိုင်းတလိမ့်လိမ့်ပြေးသွားသည့်ချာတိတ်ကြောင့်ရှောင်းကျန့်ကစိတ်ပျက်ဟန်စုတ်သပ်လို့ကားထဲအမြန်ဝင်ကာရိပေါ်နောက်လိုက်ရတယ်။ချာတိတ်ကျန်ခဲ့သည့်ကျောပိုးအိပ်လေးကိုလည်းကားနောက်ခန်းထဲပစ်ထည့်လိုက်သေး။လွတ်တာလည်းမဟုတ်ပဲ ချာတိတ်ကသပ်သပ်အပင်ပမ်းခံနေတာ။

ပလတ်ဖောင်းနဘေးကနေကားဘီးလှိမ့်ရုန်ကပ်လိုက်သွားရင်းချာတိတ်လက်လျော့မယ့်အချိန်ကိုစောင့်တယ်။handphoneအပြင်ပါလာသမျှမုန့်ဖိုးတွေကကျောပိုးအိပ်ထဲမှာမို့ချာတိတ်ကtaxiမပြောနဲ့busတောင်တိုးမစီးတက်ဖြစ်နေလေရဲ့။ဒါလည်းသူနဲ့မျက်နှာချင်းဆိုင်ဖို့ဝန်လေးနေသည့်ချာတိတ်ကနဘေးကကပ်ပါလာသည့်သူ့ကားကိုလှည့်ကြည့်လှည့်ကြည့်နဲ့တစ်ယောက်တည်းခြေလျှင်လျှောက်တုန်း။ချာတိတ်ဆိုတဲ့ဟာလေးကအရင်ကရောခုရောသူ့အတွက်ဘယ်တော့မှလွယ်ကူမနေ။

ညနေစောင်းကတည်းကသူခေါ်ရာနောက်မလိုက်ဘဲထွက်ပြေးနေသည့်ချာတိတ်။ခုဆိုညပင်ရောက်နေလေပြီ။ရှည်လျားလှသည့်ပလက်ဖောင်းကိုလွန်လို့လူပျက်သည့်အပြင်ကားအသွားအလာနည်းသည့်တံတားပေါ်ချာတိတ်နဲ့ချာတိတ်မလှမ်းမကမ်းကလိုက်ပါလာသည့်ရှောင်းကျန့်ကားသာရှိသည်။မီးရောင်စုံတွေနဲ့ဖြိုးဖြိုးဖျက်ဖျက်မြို့ပြရဲ့အလှကိုငေးရင်းချမ်းလို့ထင်လက်မောင်းလေးတွေကိုပွတ်သပ်ရင်းချာတိတ်ကလမ်းလျှောက်လည်းမရပ်။

"ဟေး!...အလှလေးတစ်ယောက်တည်းလား..."

"အင့်!...ဖယ် ဖယ်ပေးပါ..."

တနေရာအရောက်ရိပေါ်ရှေ့လာပိတ်ရက်သည့်လမ်းသရဲလိုလိုဘာလိုလိုနဲ့အကိုကြီးသုံးယောက်။စကားပြောပုံကရိသဲ့သဲ့နိုင်တာမို့ချာတိတ်ကကြောက်ကြောက်နဲ့သာရှောင်ထွက်ဖို့လုပ်တယ်။သကောက်သားသုံးကောင်ကဖယ်မပေးပဲချာတိတ်သွားရာလိုက်ပိတ်ရပ်ရင်းဟာသလုပ်နေကြတာ​ကြောင့်ရှောင်းကျန့်အလိုမကျစွာမျက်ခုံးတွေတွန့်ကျိုးလို့ကားပေါ်ကနေ​ခြေလှမ်းကျဲကြီးတွေနဲ့ဆင်းသွားလိုက်တယ်။

FOLLOW ME[Complete]Where stories live. Discover now