21.Missing_long_days

7.9K 658 41
                                    

❦︎Unicode version❦︎

FOLLOW ME - 21
.
.
.
.
.
ရှောင်းကျန့်သာမကရိပေါ်ပါရောက်မလာခဲ့သည့်မွေးနေ့ပွဲလေးမှာရီလျှမ်းတစ်ယောက်တည်းသာ။ထမင်းစားပွဲပေါ်ကရောင်စုံဖယောင်းတိုင်လေးတွေထွန်းညှိုထားသည့်မွေးနေ့ကိတ်ကိုခပ်ငိုင်ငိုင်ထိုင်ကြည့်နေရင်းအကြောင်းမဲ့မျက်ရည်တွေ ကျနေသည့်ရီလျှမ်း။

မောင် ပေကျင်းကနေညနေကတည်းကပြန်ရောက်နေမှန်းသိထားနှင့်ပေမဲ့သူ့စီကြိမ်းသေရောက်လာလိမ့်မယ်လို့ရီလျှမ်းမျှော်လင့်မထား။တကယ်တမ်း မောင်ရှန်ဟိုင်းအလောတကြီးပြန်လာသည့်ရည်ရွယ်ချက်ကလည်းသူ့မွေးနေ့ပွဲကြောင့်မဟုတ်မှန်းရီလျှမ်းသိသည်။

မောင် သူ့ကိုဘယ်တော့မှမချစ်ခဲ့မှန်းလည်းရီလျှမ်းသိသည်။မောင့်အလေးထားရာကလည်းသူမ မဟုတ်မှန်းရီလျှမ်းမှန်းဆမိပါသည်။ထိုထက် ဝမ်လေးအပေါ်မောင်ထားတဲ့စိတ်ရိုင်းတို့ကိုလည်းရီလျှမ်းရိပ်မိခဲ့ပါသည်။

သူမမှာတားပိုင်ခွင့်ရှိသည့်အလျောက်မောင့်စိတ်ချမ်းသာမှုနဲ့ ဝမ်လေး၏နုနုနယ်နယ်နှလုံးသားလေးကိုအနာတရပေးဖို့ဝန်လေးမိတာ​ကြောင့်ရီလျှမ်းတစ်ယောက်တည်းလမ်းပျောက်ခဲ့ရသည့်နေ့ရက်တွေဘယ်သူသိမှာလဲ။

ဒီနေ့ဒီအချိန်ထိ မောင်ဖုံးကွယ်ထားသည့်ဝမ်လေးနဲ့ချစ်ခြင်းကိုသူမလိုထက်မြတ်တဲ့မိန်းမကတအိမ်တည်းနေပြီမသိဘူးဆိုရယ်စရာကောင်းနေရော့မည်။မောင်ကသူမကိုလျော့တွက်လွန်းတယ်။

ဒီနေ့ညသူမမွေးနေ့ပွဲကိုအကြောင်းပြုလို့သုံးယောက်သားဆုံစေရန်ရည်ရွယ်ထားပေမဲ့ရောက်မလာခဲ့သည့်မောင်နဲ့ဝမ်လေးကြောင့်ပိုပီးရှုပ်ထွေးတော့မည့်ရင်ခွင်ရှင်းတမ်းမှာသူမထက်ဝမ်လေးခံစားရမှာရီလျှမ်းမကြည့်ရက်ပါ။

သူ့ပျိုးထောင်မှုအောက်မှာအရွယ်ရောက်လာသည့်သူ့တူလေး။ဒီနေ့ဒီအချိန်ထိသူမအရိပ်အာဝါသအောက်မှာသာနေဖို့ရွေးခဲ့သည့်ကလေးကသူမခင်ပွန်းကိုချစ်မိတာကလွဲအမှားဆိုတာစိုးစဥ်မျှမလုပ်ဖူး။ဒီဖြူစင်လွန်းသည့်ကောင်လေးကိုသူမဘယ်လိုစိတ်နဲ့အပြစ်တင်ရက်မှာလဲ။သူမတူလေးကရီလျှမ်းအတွက်တော့ချစ်ရသောလေးမလား။

FOLLOW ME[Complete]Where stories live. Discover now