14.Wrong_way

8.4K 704 96
                                    

❦︎Unicode version❦︎

FOLLOW ME-14
.
.
.
.
.
"Sir!...sir'sရုံးခန်းထဲမှာဧည့်သည်ရောက်နေ..."

"သိပြီ..."

ရှောင်းကျန့်ကိုမြင်တာနဲ့အတွင်းရေးမှူးမလေးကမတ်တပ်ထရပ်ရင်းပျာပျာသလဲပြောလာတာမို့လက်အသာကာပြလိုက်တယ်။ရုံးခန်းထဲဝင်မယ်လုပ်ပြီးကာမှတခုခုကိုသတိရသွားဟန်ခြေလှမ်းတွေကခပ်မြန်မြန်ပဲတပ်ပြန်ခေါက်တယ်။

"ငါ့ရုံးခန်းထဲဘယ်သူမှပေးမဝင်နဲ့...နောက်ပြီး ဘာအသံကြားကြားမင်းလည်းဝင်မလာခဲ့နဲ့!..."

"ဟုတ်ကဲ့ပါsir..."

စိတ်တိုင်းရှိမှာကြားပြီးမှရုံးခန်းတံခါးကိုခပ်ဖြေးဖြေးဖွင့်လို့ဝင်သွားလိုက်တယ်။မှန်အကြည်တွေကာထားတာမို့ထိုးဖောက်မြင်နေရသည့်အပြင်ဘက်ကviewကိုမျက်နှာပေးထိုင်နေသည့်ချာတိတ်ကျောပြင်လေးကိုကြည့်ရင်းတံခါးကိုအသံမထွက်အောင်အတွင်းကlockချလိုက်တယ်။

သူဝင်လာတာတောင်သတိမထားမိဘဲဘာတွေအတွေးလွန်နေမှန်းမသိ ချာတိတ်ကကျောပိုးအိပ်လေးပိုက်လို့ငြိမ်ငြိမ်လေးပဲ။

"ချာတိတ်!..."

"အမ့်!..."

sofaကိုကျော်ပြီးကိုယ်အနည်းငယ်ကိုင်းကာနောက်ကသိုင်းဖက်လိုက်တော့အလန့်တကြားလှည့်ကြည့်လာသည့်ချာတိတ်။ဘယ်လောက်ထိတောင်ငိုထားသလဲမပြောတတ်။ပါးမို့မို့လေးနှစ်ဖက်နဲ့နှာထိပ်လုံးလေးကခုထိအရောင်မကျသေး။

"ကိုယ့်ကိုအကြာကြီးစောင့်လိုက်ရတာလား..."

"ဟအင်း...ခုလေးတင်ရောက်တာ...အင့်!..."

အငိုသာတိတ်သွားတာချာတိတ်လေးကခုထိရှိုက်တုန်း။ပြောလို့ရမှာမဟုတ်မှန်းသိလို့ထင်ချာတိတ်ကမဆိုသလောက်လေးရုန်းရုန်ကလွဲဖက်ထားတဲ့သူ့လက်တွေကိုဖယ်မခိုင်းဘူး။

"ကိုယ့်ကိုတွေ့ချင်တာအရေးကြီးကိစ္စရှိလို့လား..."

"ဦး ဦးငယ် ဘယ်တုန်းကအဲ့ဒီ့ပုံကို..."

"ကိုယ်လိုချင်ချာတိတ်ကိုတောင်ယူလို့ရတယ်...အဲ့ဓာတ်ပုံမှမဟုတ်ဘူး...ချာတိတ်နဲ့ချာတိတ်အရာရာကိုရောပဲ...အဟွန့်!..."

FOLLOW ME[Complete]Where stories live. Discover now