5.Daydream

8.4K 776 101
                                    

❦︎Unicode version❦︎

FOLLOW ME-5
.
.
.
.
.
"အရူးကြီး...အီး...ဟီး...ဟီး...ဟင့်!...အင့်!..."

ရိပေါ်ငိုသံကြောင့်taxiမောင်းနေသည့်ဦးလေးကြီးကပေစောင်းစောင်းနဲ့လှည့်ကြည့်လာတာမို့အငိုရပ်ကာပါးပြင်ဥဥပေါ်ကမျက်ရည်တွေကိုလက်သီးစုတ်လေးတွေနဲ့ဆွဲသုတ်ပလိုက်တယ်။

တီလေးရီလျှမ်းတို့အိမ်ကပြေးထွက်လာပြီးကတည်းကရိပေါ်ရရာtaxiနဲ့သာအိမ်ပြန်လာမိခြင်း။ဦးငယ်ဘယ်လိုပုံကျန်ခဲ့လဲသူမသိ။သူ့အပေါ်ဆိုဦးငယ်ကအရမ်းနိုင်ထက်စီးနင်းနိုင်လွန်းအားကြီးသည်။

သူကပဲဦးငယ်အနိုင်ကျင့်စရာကောင်းလောက်အောင်နူးညံ့လွန်းနေလို့လား။ဟအင်း အဲ့ဒီအားနွဲ့တဲ့ပုံစံ သူအလိုမရှိတာတောင်အလိုလိုဖြစ်တည်နေတာမို့ကိုယ့်ကိုယ်ကိုလည်းစိတ်ပျက်မိတယ်။သူကဦးငယ်ပြစ်မှားဖို့ရာတခြားသူမှမဟုတ်ပဲ။သူကဦးငယ်ရဲ့တူ။

"ကောင်လေး...ရောက်ပြီ..."

"အာ...ဟုတ် ဦးလေးကြီးဒီမှာ...အင့်!..."

အိမ်ရှေ့taxiရပ်ပေးရင်းသတိပေးလာမှရိပေါ်taxiခရှင်းပြီးကျောပိုးအိပ်လေးလွယ်ကာခြံထဲဝင်သွားလိုက်တယ်။ပါးပါးကတော့အိမ်ပြန်ရောက်သေးပုံမပေါ် အိမ်ထဲဝင်ဝင်ချင်းကြားလိုက်ရသည့်ဆူညံသံတွေကြောင့်လူကခေါင်းပိုကိုက်လာသလို။

ဧည့်ခန်းထဲမှာTVကိုခုနစ်အိမ်ကြားရှစ်အိမ်ကြားဖွင့်ရင်းတဟီးဟီးတဟားဟားလုပ်နေကြသည့်ရိပေါ်နဲ့သွေးသားရင်းမဟုတ်သည့်မကြီးနဲ့မငယ်။

"အာ့!..."

"ဟွန့်!...ယောက်ျားလေးနဲ့တစက်ကလေးမှကိုမတူဘူး...ဘယ်လိုဟာနဲ့အမျိုးတော်ထားမှန်းကိုမသိဘူး...တကယ်တည်းစိတ်ပျက်ဖို့ကောင်းလိုက်တာ..."

ရိပေါ်အိမ်ထဲဝင်လာတာမြင်တော့မကြီးကအနားလျှောက်လာရင်းပုခုံးကိုတမင်တကာတွန်းတိုက်ကာအိပ်ခန်းထဲဝင်သွားတယ်။နှာခေါင်းရှုံ့လို့ကဲ့ရဲ့ပစ်တင်သွားခြင်းတွေကိုရိပေါ်ခေါင်းလေးငုပ်လျှက်သာငြိမ်ခံနေလိုက်တယ်။

ယောက်ျားလေးဖြစ်ပါလျှက်လှရက်လွန်းနေသည့်ကောင်လေး။မိန်းကလေးဖြစ်သည့်သူတို့ထက်ယောက်ျားသားတွေရဲ့အာရုံကိုဖမ်းစားနိုင်ခြင်းကြောင့်ဝမ်ချွန်းနဲ့ဝမ်ရှန့်ကရိပေါ်အပေါ်အမြင်မကြည်ကြခြင်း။သူလည်းတမင်တကာလုပ်ယူထားခြင်းမဟုတ်။လူအာရုံစိုက်ခံရတာမျိုးလည်းဒီကောင်လေးကမနှစ်မျို့။

FOLLOW ME[Complete]Nơi câu chuyện tồn tại. Hãy khám phá bây giờ