15.Sky&Sea

7.6K 634 44
                                    

❦︎Unicode version❦︎

FOLLOW ME-15
.
.
.
.
.
"ချာတိတ်ကအိပ်တောင်အိပ်နေပြီလားကွာ..."

ဆွဲဆွဲငင်ငင်ဦးငယ်စကားသံနဲ့အတူကုတင်တဖက်ခြမ်းကသိမ့်ခနဲ။ရှောင်းကျန့်ကိုကျောပေးထားရင်းအကြောက်လွန်နေသည့်ရိပေါ်မှာတော့မျက်လုံးလည်းမဖွင့်ရဲခြေချောင်းလေးတွေကုတ်လို့ငြိမ်ငြိမ်လေးပဲ။ဒီအချိန်မှာဦးငယ်အပေါ်ရိပေါ်ချစ်စိတ်ထက်ကြောက်စိတ်ကပိုလို့အားကောင်းနေသည်လေ။ဦးငယ်နဲ့မငြိစွန်းချင်သည့်အကြောင်းအရာတွေရိပေါ်မှာတစ်ခုထပ်ပိုရှိနေသည်မဟုတ်လား။

"အဟွန်း!..."

ခပ်စစဦးငယ်ရယ်သံ လည်တိုင်တဝိုက်တိုးနမ်းနေသည့်ဦးငယ်နှုတ်ခမ်းပါးကရိပေါ်ကိုကြက်သည်းမွှေးညင်းလေးများပင်ထစေသည်အထိ။အနားကိုပိုတိုးကပ်လာသည့်ဦးငယ်ခန္ဓာကြီးကြောင့်စိတ်လှုပ်ရှားတာရောကြောက်တာရောပေါင်းပြီးရိပေါ်လက်ကလေးတစ်ဖက်ကအိပ်ရာခင်းစကိုကျစ်ကျစ်စုတ်တယ်။

အိပ်နေတဲ့လူကိုတောင်အလွတ်မပေးချင်ဟန် ဦးငယ်အနမ်းတို့ကလည်တိုင်ကနေပုခုံးညအိပ်ဝတ်စုံလေးကိုတစတစဆွဲဆွဲချရင်းနမ်းလို့ရသမျှနေရာမှန်သမျှကိုအနမ်းနယ်ချဲ့နေသည့်ဦးကြောင့်ရိပေါ်ငိုချင်စိတ်ပေါက်လာရတယ်။အသံမထွက်မိအောင်ထိန်းထားပြန်တော့နှုတ်ခမ်းသားတို့ကိုမဖိကိုက်ပဲမနေနိုင်။

ချစ်တာထက်ပိုစွာသူ့ဘဝလေးညစ်ထေးသွားမှာရိပေါ်သိပ်ကြောက်ပါသည်။ဦးငယ်ကလည်းလူလွတ်မဟုတ်တဲ့အပြင်သူကလည်းအနှောင်အဖွဲ့ကင်းရှင်းနေသူမဟုတ်တော့သူတို့အချစ်ကတခြားသူတွေအပေါ်အပြစ်ဖြစ်သွားနိုင်သည်။အချစ်ဆိုတဲ့အဖြူရောင်ချည်နှောင်မှုလေးနဲ့တင်သူတင်းတိမ်နိုင်သလိုဦးငယ်ကိုလည်းရောင့်ရဲစေချင်ပါသည်။

"အင့်!..."

ရုတ်တရက်နားရွက်ဖျားကိုငုံစုတ်လိုက်သည့်ရှောင်းကျန့်ကြောင့်ရိပေါ်မှာမျက်လုံးမဖွင့်ပဲအင့်ခနဲ။လက်မောင်းကိုလက်တစ်ဖက်နဲ့ပွတ်သပ်နေရင်းအနည်းငယ်ကွာနေသည့်ခန္ဓာနှစ်ခုရဲ့အနေအထားကိုဦးငယ်ကနီးသထက်နီးကပ်စေလိုက်တော့ရိပေါ်ကျောပြင်နွေးခနဲ။တဆက်တည်းတင်ပါးကိုလာထိကပ်နေသည့်ဦးငယ်အရှေ့ပိုင်းကြောင့်အရိုင်းဆန်သည့်ထိုအထိတွေ့မှာရိပေါ်ချွေးပြန်ကာခန္ဓာသေးသေးလေးကတုန်ယင်စပြုတယ်။

FOLLOW ME[Complete]Where stories live. Discover now