17.Mine

7.7K 663 38
                                    

❦︎Unicode version❦︎

FOLLOW ME-17
.
.
.
.
.
"မောင့်!...ဝမ်လေးကိုတွေ့မိသေးလား...ခုထိအောက်ထပ်ဆင်းလာတာမတွေ့လို့...မနက်ဆာလည်းလာမစားဘူး..."

ဆိုင်ပိတ်ရက်မို့အိမ်သန့်ရှင်းရေးလုပ်နေရင်းရီလျှမ်းကsofaမှာlaptopတလုံးနဲ့အလုပ်လုပ်နေသည့်ရှောင်းကျန့်ကိုလှမ်းမေးလိုက်တယ်။ခုတလောအရင်လိုထည်လဲတွဲတာရပ်လို့ခြေငြိမ်နေသည့်ရှောင်းကျန့်ကြောင့်ရီလျှမ်းနဲ့မကြာခဏပြဿနာမတက်ရတော့ပဲအဆင်ပြေနေခြင်း။ရှောင်းကျန့်၏remote controlကချာတိတ်လေးလို့ပြောရင်မမှား။

"ချာတိတ်ကသူ့အခန်းထဲမှာပဲရှိမှာပါ...ဒါမှမဟုတ်ကျွန်တော်သွားကြည့်ပေးမယ်လေ...မ အလုပ်ပျက်နေမှာစိုးလို့..."

ပြောလည်းပြောရှောင်းကျန့်ကlaptopကိုစားပွဲပေါ်တင်ကာလူကလှေကားရင်းပင်ရောက်နေလေပြီ။သူ့သဘောနဲ့သူအိမ်ပေါ်ထပ်တက်သွားသည့်ရှောင်းကျန့်ကိုလိုက်ကြည့်ရင်းရီလျှမ်းမျက်လုံးတွေ ကျဥ်းမြောင်းလို့။မောင့်လိုplay boyကဝမ်လေးလိုနုနုဖက်ဖက်လေးအနားရောက်ရင်အလှသိပ်ကြိုက်သည့်မောင်မယိုင်နဲ့တတ်ပါဘူးလို့ရီလျှမ်းထင်ကြေးမပေးလို။

မောင့်အပေါ်မယုံကြည်ရာရောက်ပေမဲ့ဝမ်လေးကိုရီလျှမ်း ရှောင်းကျန့်နဲ့အမှန်တကယ်စိတ်မချပါ။ဖြစ်တန်ခဲတယ်ပဲပြောပြောမအပ်မရာလူ​ကြောင့်နဲ့သူ့တူလေးဘဝနစ်မွန်းသွားမှာရီလျှမ်း​မလိုလား။မောင်လွယ်လွယ်လှည့်စားလို့ရလောက်အောင်ဝမ်လေးသိပ်ရိုးတာရီလျှမ်းအသိဆုံး။

.....................

ဘောင်းဘီအိပ်ကပ်ထဲလက်နှစ်ဖက်ထည့်ရင်းပုံမှန်ခြေလှမ်းနဲ့သာအပေါ်ထပ်စီတက်သွားလိုက်တယ်။ညညသူရီလျှမ်းမသိအောင်အမြဲခိုးဝင်နေကျချာတိတ်အိပ်ခန်းလေးထဲတံခါးအသာဖွင့်ကြည့်တော့ချာတိတ်ကရှိမနေ။

အောက်ထပ်ပြန်ဆင်းမယ်လုပ်ပြီးမှလှစ်ခနဲမြင်လိုက်ရသည့်အဖြူရောင်အရိပ်လေးကြောင့်ရှောင်းကျန့်နှုတ်ခမ်းတွေကွေးခနဲ။ခြေလှမ်းတွေဦးတည်ချက်ပြောင်းလို့လသာဆောင်မှာပန်းချီဆွဲထောင့်တိုင်လေးတစ်ခုနဲ့ကင်းဘတ်ပေါ်ဆေးခြယ်နေသည့်ချာတိတ်စီတလှမ်းချင်းလျှောက်သွားလိုက်တယ်။

FOLLOW ME[Complete]Where stories live. Discover now