[ Zawgyi]
နားထဲကိုငြင်သာစွာ စီးဝင်လာတဲ့ ဂီတသံနဲ့အတူ သူ့ရဲ့ရင်ခုန်သံတွေလည်း လှုပ်ရှားနေခဲ့သည်။ ဘေးဝိုင်းမှ စားသောက်နေတဲ့ စကားပြောနေတဲ့ လူတွေကို ကြည့်ရင်း လက်မှနာရီကိုတစ်ချက်ပြန်ကြည့်လိုက်မိသည်။ ချိန်းထားတဲ့အချိန်ရောက်ဖို့ ၅မိနစ်သာလိုတော့တာကြောင့် ရင်ခုန်သံတွေပိုမြန်ဆန်လာသလို ချွေးစေးတွေလည်းပြန်လာလေသည်။
အိတ်ကပ်အတွင်းမှ လက်ကိုင်ပုဝါကိုထုတ်ပြီး မျက်နှာနဲ့လက်ဖဝါးနှစ်ဖက်မှာချွေးတို့ကိုသုတ်လိုက်သည်။ထိုအချိန်မှာပဲ ဆိုင်တံခါးဝမှာလှမ်းမြင်လိုက်ရတဲ့ သူ့ရဲ့အဖြူရောင်လေး ဟိုကြည့်ဒီကြည့်နဲ့ သူ့ကိုရှာနေပုံရသည်။ သူထိုင်နေရာကနေထပြီး လက်ပြလိုက်တော့မှ တွေ့သွားပြီး သူထိုင်နေတဲ့စားပွဲဆီကို လှမ်းလာလေသည်။
"ဆော့ဂျင် တခြားနေရာသွားရအောင်.... "
ခုံမှာတောင်ဝင်မထိုင်နိုင်ပဲ ရောက်ရောက်ခြင်းပြောလိုက်တဲ့ ယွန်းဂီစကားကြောင့် ဆော့ဂျင် ကြောင်သွားရသည်။
"ဘာလို့လဲ ယွန်းဂီရဲ့...."
"ဒီနေရာကအရမ်းဈေးကြီးတာလေကွာ... တခြားနေရာသွားကြရအောင်...."
အခုချိန်ထိကိုခုံမှာမထိုင်နိုင်ပဲ မိုးတိုးမတ်တပ်ဖြစ်နေတဲ့ ယွန်းဂီကို လက်ကဆွဲပြီး ခုံမှာဝင်ထိုင်ခိုင်းလိုက်ရသည်။
"လခထုတ်ရက်လေး မင်းကိုဝယ်ကျွေးချင်လို့ပါ ယွန်းဂီရာ... အေးအေးဆေးဆေး ထိုင်စမ်းပါ.... "
ယွန်းဂီကိုပြောပြီးတာနဲ့ စားပွဲထိုးကိုလှမ်းခေါ်လိုက်သည်။
"ဘာမှာမလဲမသိဘူးခင်ဗျ...."
" steak နှစ်ပွဲပေးပါနော်.... "
"Medium rare လား rare လားခင်ဗျ.... "
"Medium rare ...."
စားပွဲထိုးလေးထွက်သွားတော့ အသင့်မှာထားတဲ့ ဝိုင်ကို ယွန်းဂီရဲ့ခွက်ထဲထည့်ပေးလိုက်သည်။
"လာ cheer လုပ်ကြရအောင်...."
သူပြောတော့ ယွန်းဂီကအူကြောင်ကြောင်ပုံလေးနှင့် ခွက်ကိုကိုင်ကာ သူ့ခွက်နှင့်တိုက်လိုက်လေသည်။
YOU ARE READING
Tomorrow ( Completed )
Randomအရမ်းချစ်ပေမယ့်လည်း မထင်မှတ်ထားတဲ့ကံကြမ္မာကြောင့် ဝေးကွာနေကြတဲ့ ချစ်သူနှစ်ယောက် ပြန်ဆုံတွေ့ကြမယ့် မနက်ဖြန် အရမ်းချစ်ပေမယ့်လည်း မထင်မှတ်ထားတဲ့ကံကြမ္မာကြောင့် ဝေးကွာနေကြတဲ့ ချစ်သူနှစ်ယောက် ပြန်ဆုံတွေ့ကြမယ့် မနက်ဖြန်