<6>

523 80 24
                                    

(Zawgyi)

နောက်ဆုံးကျန်တဲ့စက္ကူဘူးကိုခေါက်လိုက်ပြီး နံရံကနာရီကိုကြည့်လိုက်တော့ ၉နာရီထိုးခါနီးလေပြီ။ ဒီနေ့လည်း ဂျင်နောက်ကျနေပြန်ပြီ။ အခုတလော ဂျင် ခနခနအိမ်ပြန်နောက်ကျနေလေသည်။

ဖုန်းဆက်တော့ ညဆိုင်းဆင်းရမယ်လို့ပြောပေမယ့် သူ့စိတ်ကမယုံချင်ဖြစ်နေခဲ့သည်။ အခုတလော သူ့မှာသံသယစိတ်တွေများနေခဲ့ရသည်။ ဂျင်က အလုပ်မှမဟုတ်ပဲ တခြားကိုရောက်နေမှာစိုးရိမ်နေခဲ့မိသည်။

ဗီရိုကမှန်ထဲမှာပေါ်နေတဲ့ သူ့ပုံကိုကြည့်ပြီး သူ့ကိုယ်သူစိတ်ပျက်မိသည်။ ၈လကျော်ပြီဆိုတော့ မိုးပျံပူဖောင်းကြီးလို ပူနေတဲ့ဗိုက်ရယ် တီရှပ်ပွပွကြီးရယ်နဲ့ သူ့ပုံက ဖရိုဖရဲနိုင်လှလေသည်။ဒီလိုပုံကြောင့် ဂျင် စိတ်ပျက်ပြီး သူ့ကိုထားခဲ့မှာကို စိတ်ပူနေမိသည်။

စားပွဲပေါ်မှာတင်ထားတဲ့ စက္ကူဘူးတွေကို ကုတင်အောက်ထဲထည့်သိမ်းလိုက်သည်။ အလုပ်ကထွက်ပြီးနောက် အိမ်မှာစက္ကူဘူးတွေခေါက်တဲ့အလုပ်ကိုသူလုပ်နေခဲ့သည်။ ပိုက်ဆံအများကြီးမရပေမယ့်လည်း ဒီပုံစံကြီးနဲ့အလုပ်ထွက်မလုပ်နိုင်ပဲ အိမ်မှာထိုင်နေရတာထက်စာရင် တော်သေးတယ်လို့ဆိုရမည်။

သူဒီအလုပ်လုပ်နေတာ ဂျင်တော့မသိပေ။ ဂျင်သိရင် စိတ်ဆိုးမှာသေချာတာကြောင့် ဂျင်ပြန်မရောက်ခင် ဘူးတွေသိမ်းနေရလေသည်။ ထိုင်ပြီးဘူးတွေသိမ်းပြီး ပြန်ထချိန်မှာတော့ မနည်းအားယူထရလေသည်။

အခုတော့ အထိုင်အထတင်မက သွားရလာရတာတွေပါ လေးလံလွန်းလှလေသည်။ ဒီကြားထဲ ဆီးခနခနသွားရတဲ့ ဒုက္ခ ကိုယ်ဝန်ဆောင်သည် ဘဝကဒီလောက် ခက်ခဲပင်ပန်းလိမ့်မည်လို့ မထင်ခဲ့မိပေ။

အမေကတော့ အမေတို့အိမ်လာနေဖို့ပြောပေမယ့် သူ မသွားခဲ့ပေ။ သူရောက်သွားရင် အမေ အလုပ်တွေပိုမှာကို စိုးရိမ်မိသည်။ဒါပေမယ့်လည်း အမေကတစ်ရက်ခြားတစ်ခါလောက်တော့ ရောက်အောင်လာလေသည်။

လာတိုင်းလည်း စားစရာတွေယူလာတဲ့အပြင် သူခေါက်တဲ့ စက္ကူဘူးတွေကိုပါဝိုင်းပြီးခေါက်သွားပေးတာကြောင့် အမေ့ကို အားနာမိသလို ကျေးဇူးလည်းတင်ရလေသည်။

Tomorrow ( Completed )Where stories live. Discover now