<4>

602 92 7
                                    

(Zawgyi)



ဘာလိုလိုနဲ့ ကိုယ်ဝန်က လေးလရှိခဲ့လေပြီ။ ဒီအတောအတွင်း ကိုယ်ဝန်​ဆောင်လက္ခဏာ တွေကိုပြင်းပြင်းထန်ထန်ခံစားခဲ့ရသည်။ အစားလည်း ကောင်းကောင်းမစားနိုင်တာကြောင့် လူလည်း သိသိသာသာ ပိန်ကျသွားခဲ့​လေသည်။

အလုပ်ကလူတွေကိုတော့ သူကိုယ်ဝန်ရှိနေကြောင်းမပြောဖြစ်သေးပေ။ ပြောလိုက်လို့ မကောင်းတာတစ်ခုခုပြန်ကြားရမှာကို သူအရမ်းကြောက်သည်။ တကယ်တော့ သူကြားမှာဆိုတာထပ် သူ့ဗိုက်ထဲကကလေးလေး ကြားသွားမှာကိုကြောက်မိခြင်းဖြစ်သည်။

မသိမသာလေးစူလာပြီးဖြစ်တဲ့ ဗိုက်လေးကိုပွတ်ကြည့်ရင်း သူ့ရင်ထဲမှာ ကြည်နူးစိတ်တွေ တရိပ်ရိပ်တက်လာခဲ့သည်။ သားလေးလား သမီးလေးလား မသိသေးတဲ့ သူ့ရဲ့ရင်​သွေးလေးကို ကြိုပြီးပုံဖော်ကြည့်နေမိသည်။

ဆော့ဂျင်နဲ့တူရင်တော့ ကလေးလေးက တော်တော်ချောမှာသေချာလေသည်။ သူနဲ့တူရင်ရော ကလေးလေးက ဘယ်လိုလေးဖြစ်မှာလဲ။ တွေးကြည့်ရုံနဲ့တင် ကြည်နူးချမ်းမြေ့ဖို့ကောင်းလှလေသည်။

"မင်းအလုပ်ထွက်လိုက်ပါတော့လား ယွန်းဂီရယ်..."

"မထွက်ချင်သေးပါဘူးကွာ... တစ်လနှစ်လလောက်တော့ ဆက်လုပ်ဦးမယ်လေ.... "

"မင်း ပင်ပန်းနေတာကိုငါမကြည့်ရက်ဘူး...."

ဆော့ဂျင်က သူ့ဘေးနားဝင်ထိုင်ပြီး စိတ်ပူစကားဆိုလေသည်။

"ငါသိပါတယ်... ဒါပေမယ့် ငါတို့ပိုက်ဆံရှာဖို့လိုတယ်လေ.... ငါ့ဗိုက်ပူလာတာ မသိသာခင်အထိတော့ ငါအလုပ်လုပ်ဦးမယ်...."

"မင်းကလေ ငါ့စကားဆိုဘယ်တော့မှနားမထောင်ဘူး..."

စိတ်ဆိုးသလိုပုံလေးနဲ့ပြောလာတဲ့ ဆော့ဂျင်ရဲ့လက်မောင်းကို သူလှမ်းဖက်လိုက်ရင်း

"စိတ်မဆိုးပါနဲ့ကွာ... မင်းစေတနာကိုငါသိပါတယ် ဒါပေမယ့် ဒီကလေးလေးမွေးရင် ငါတို့ပိုက်ဆံတွေအများကြီးကုန်မှာလေ အဲ့တာကြောင့် ရသလောက်လေးရှာထားချင်လို့ပါ... "

"ဒါနဲ့ မင်းအမေတို့ကို ဒီအကြောင်းမပြောရသေးဘူးမလား...."

Tomorrow ( Completed )Where stories live. Discover now