< 18 >

467 75 21
                                    

{ Zawgyi }

ဒေါက်တာ အိမ်ကနီးနီးလေးမို့ လမ်းလျှောက်လာခဲ့မိတာ အခုတော့နောင်တရချင်နေလေပြီ။ သမီးလေးရဲ့ ကိုယ်လုံးကိုချီပြီးလမ်းလျှောက်ရတာ မသက်သာလှပေ။ သမီးလေးကိုလမ်းဆင်းလျှောက်ခိုင်းဖို့စိတ်ကူးမိပေမယ့်လည်း ပင်ပန်းမှာစိုးတာကြောင့် သူပဲချီလာခဲ့ခြင်းဖြစ်သည်။

အပြင်ကိုမထွက်ရတာကြာပြီဖြစ်တဲ့ မက်မွန်သီးလေးက သူ့လက်ပေါ်ကနေ မြင်မြင်သမျှကိုလျှောက်ကြည့်ရင်း သဘောကျနေလေသည်။ ခရမ်းရောင်လက်စက ဂါဝန်လေးကိုဝတ်ပြီး ဦးထုပ်ခရမ်းရောင်လေးဆောင်းထားသည့် သမီးလေးကသိပ်ကိုချစ်ဖို့ကောင်းလှလေသည်။

ကိုယ့်သမီးလေးမို့ပြောခြင်းတော့မဟုတ် သမီးလေးကဘာလေးပဲဝတ်ဝတ်သိပ်ကိုလိုက်ဖက်တယ်လို့ ထင်မိသည်။ လက်မောင်းတုတ်တုတ်လေးနှင့် သူ့ပုခုံးကိုဖက်ကာ​လျှောက်ငေးနေသည့်သမီးလေးရဲ့ပါးအိအိလေးကိုမွှေးလိုက်တော့ တခစ်ခစ်နှင့်သဘောကျစွာရယ်နေလေသည်။

"ခနနေရင် Appa နဲ့တွေ့ရတော့မှာပျော်လား သမီးလေး.... သမီးရဲ့ Appa သာတွေ့ရင် သမီးလေးကိုဘယ်လောက်တောင်ချစ်လိုက်မလဲ...ဖေဖေ့သမီးလေးက အရမ်း အရမ်းချစ်စရာကောင်းလွန်းလို့လေ..."

သူပြောသည့်စကားကိုနားလည်သည့်အလား သမီးလေးက မျက်လုံးပြူးလေးနှင့်ငေးကြည့်နေလေသည်။ မျက်လုံးလေးကပြူးပြီး ပါးနှစ်ဖက်ကဖောင်းကားနေကာ နှုတ်ခမ်းလေးတွေကစူထွက်နေသည့် သမီးလေးကိုတွေ့ရင် ဆော့ဂျင်အရမ်းကိုချစ်မှာသေချာလေသည်။

ဒီနေ့တော့ ဆော့ဂျင်နဲ့သမီးလေးကိုတွေ့ပေးပြီး ရင်းနှီးမှုတွေရစေချင်မိသည်။ ဒေါက်တာ့အိမ်နားရောက်ခါနီးမှာပဲ အပြင်မှာထွက်စောင့်နေသည့်ဆော့ဂျင်ကိုတွေ့လိုက်ရလေသည်။

"ယွန်းဂီ သမီးလေးကိုခေါ်လာမယ်ဆိုလို့ ကိုယ်ထွက်စောင့်နေတာ.... ချစ်ဖို့ကောင်းလိုက်တာကွာ သမီးလေးက ဦးဦးဆီလာပါဦး..."

ဦးဦး မဟုတ်ပါဘူး မင်းကသမီးလေးရဲ့အဖေလေလို့်ပြောချင်စိတ်ကို မနည်းမြိုသိပ်ထားရလေသည်။သမီးလေးကိုဆော့ဂျင်လက်ထဲကို ထည့်ပေးလိုက်တော့နဂိုတည်းကလူမကြောက်တဲ့သမီးလေးက ငြိမ်ငြိမ်သက်သက်သာလိုက်သွားလေသည်။

Tomorrow ( Completed )Where stories live. Discover now