< 19 >

508 79 22
                                    

[ Zawgyi ]

"ဒီနေ့ရော မြေးလေးကိုခေါ်သွားမှာလား သား...."

"ဟုတ်တယ် အမေ... ဒေါက်တာကသမီးလေးကိုလွမ်းတယ်ဆိုလို့လေ...."

အမေ့ကိုတစ်ခါမှမလိမ်ဖူးသော်လည်း ယုံအောင် မင်သေသေနှင့်လိမ်လိုက်ရသည်။

"အေးပါ...အမေကလည်း သတိရတယ်လို့ပြောလိုက်ဦးနော်...."

"ဟုတ်ကဲ့ အမေ...."

"ဒါဆို အမေဈေးသွားလိုက်ဦးမယ်... သားတို့သွားရင် တံခါးသေချာပိတ်ခဲ့နော်...."

"ဟုတ် အမေ...."

အမေဈေးသွားတော့ အခန်းထဲမှာနိုးနေပြီဖြစ်တဲ့ သမီးလေးကိုချီပြီး ရေချိုးခန်းထဲခေါ်ကာ မျက်နှာသစ် သွားတိုက်ပေးလိုက်သည်။ မျက်နှာလေးကို ပဝါနဲ့သေချာသုတ်ပေးပြီးတော့ နို့ရည်လေးလိမ်းပေးလိုက်သည်။

ပြီးတော့ဗီရိုတံခါးကိုဖွင့်ကာ အောက်ဆုံးထပ်မှာသေချာသိမ်းထားတဲ့ အိတ်ကိုဆွဲထုတ်လိုက်သည်။ အိတ်ထဲမှာတော့ သမီးလေးကိုကိုယ်ဝန်ရှိစဉ်က ဝယ်ထားခဲ့သည့် ဝတ်စုံလေးတွေရှိနေခဲ့သည်။သူတို့မိသားစု ဆင်တူဝတ်မည်ဟုရည်ရွယ်ထားခဲ့သည့် ထိုအင်္ကျီလေးတွေကိုအခုမှပဲထုတ်ဝတ်ရတော့သည်။

ကလေးအင်္ကျီကဆိုဒ်ကြီးလေးဖြစ်နေလို့တော်သေးသည်။သမီးလေးကိုဝတ်ပေးလိုက်တော့ကွက်တိလေးဖြစ်နေလေသည်။သူကိုယ်တိုင်လည်း သမီးလေးနဲ့ဆင်တူဝတ်လိုက်ပြီး ကျန်တဲ့တစ်ထည်ကိုတော့အိတ်ထဲကိုထည့်ထားလိုက်သည်။ဆော့ဂျင်နဲ့တွေ့မှ ထိုအင်္ကျီလေးကိုထုတ်ပြဖို့ရည်ရွယ်ထားလိုက်သည်။

"လာ သမီးလေးရေ...ဖေဖေတို့ Appa ဆီသွားကြစို့..."

သမီးလေးကိုချီပြီး အိမ်ကထွက်ခဲ့တော့ သူ့ခြေလှမ်းတွေကတက်ကြွနေခဲ့လေသည်။ ဆော့ဂျင်သာ ဒီအင်္ကျီလေးကိုပြန်တွေ့ရင် အတိတ်ကိုနည်းနည်းလောက်တော့ မှတ်မိနိုင်ကောင်းပါရဲ့။

^*^*^*^*^*^*^

ဒီနေ့ယွန်းဂီနဲ့သမီးလေးလာဦးမယ်ဆိုတော့ ဂျင် အိပ်ရာကနေစောစောထပြီး ရေမိုးချိုး ပြင်ဆင်ထားလိုက်သည်။ သမီးလေးရောက်လာရင် အဆင်သင့်သောက်ရအောင် နွားနို့ကိုနွှေးပြီး ယွန်းဂီအတွက်ဖျော်ရည်တစ်ခွက်ဖျော်ထားလိုက်သည်။

Tomorrow ( Completed )Where stories live. Discover now