[ Zawgyi ]
"ယွန်းဂီရဲ့ယောက်ျားကို သိပ်ချစ်တာပဲလား...."
"ချစ်တာပေါ့ ဂျင်ရယ်... သူကပထမဆုံးနဲ့နောက်ဆုံးအချစ်ဖြစ်ခဲ့တာလေ... ပြီးတော့ နှစ်ယောက်သားအတူရှိလာတဲ့နှစ်တွေကလည်း နည်းတော့တာမှမဟုတ်ပဲ...."
ယွန်းဂီပြောတဲ့စကားလုံးတိုင်းက သူ့ရင်ကိုနာကျင်စေလေသည်။ ဒါပေမယ့်လည်း ဒီစကားတွေကြားရတော့ တစ်စုံတစ်ရာကိုလွမ်းဆွတ်သလိုခံစားနေရလေသည်။ဘာကြောင့်ဒီလို ခံစားရသလဲဆိုတာကိုတော့ သူကိုယ်တိုင်လည်းနားမလည်နိုင်ပေ။
"ဒါက လက်ထပ်လက်စွပ်လေးလေ.... သူ နဲ့ကျွန်တော်ရဲ့ မင်္ဂလာဆောင်က ကျွန်တော့မိဘတွေရယ် မိတ်ဆွေနည်းနည်းလောက်လေးနဲ့ပဲ အကျဉ်းရုံးလေးဆောင်ဖြစ်ခဲ့တာ..."
ယွန်းဂီရဲ့စကားတွေကြားရတော့ သူ့အာရုံထဲမှာမပြတ်မသားသော မြင်ကွင်းတွေကိုမြင်ယောင်လာရသည်။ ရီမောနေတဲ့သူတွေ လက်ခုပ်တီးသံတွေကိုကြားရပြီးနောက် သူ့ခေါင်းတွေ ထိုးကိုက်လာရလေသည်။
"ဂျင်... အဆင်ပြေရဲ့လား ဘာဖြစ်လို့လဲဟင်...."
စိုးရိမ်ပူပန်စွာနဲ့မေးနေတဲ့ ယွန်းဂီရဲ့အမေးကိုတောင် သူပြန်မဖြေနိုင်ပေ။ သူ့ခေါင်းကမခံမရပ်နိုင်အောင်ကို ကိုက်ခဲလာရလေသည်။
"ဒေါက်တာ.... ဒေါက်တာ ဂျင် ဘာဖြစ်သွားလဲမသိဘူး...."
ညဂျုတီဝင်ပြီးပြန်လာတဲ့ ဒေါက်တာအိမ်ပြန်ရောက်လာတာနဲ့တိုက်ဆိုင်နေတာကြောင့် ယွန်းဂီအပြေးခေါ်လိုက်မိသည်။
"ဂျင်....ခေါင်းတွေအရမ်းကိုက်နေတာလား "
"ဟုတ်တယ် ဒေါက်တာ....ကျွန်တော် ရုတ်တရက်ကြီးခေါင်းတွေကိုက်လာတယ်..."
"ယွန်းဂီ... ဂျင့်ကိုအခန်းထဲလိုက်ပို့ပေးရအောင် ကျွန်တော့ကို ကူတွဲပေးပါဦး...."
ယွန်းဂီနဲ့ဒေါက်တာထယ်ယောင်း ဂျင့်ကိုတစ်ယောက်တစ်ဖက်ဆီတွဲပြီး အခန်းထဲပို့ပေးလိုက်သည်။ ဒေါက်တာကဆေးတိုက်လိုက်တော့မှပဲ ဂျင်နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားရှာလေသည်။
YOU ARE READING
Tomorrow ( Completed )
Randomအရမ်းချစ်ပေမယ့်လည်း မထင်မှတ်ထားတဲ့ကံကြမ္မာကြောင့် ဝေးကွာနေကြတဲ့ ချစ်သူနှစ်ယောက် ပြန်ဆုံတွေ့ကြမယ့် မနက်ဖြန် အရမ်းချစ်ပေမယ့်လည်း မထင်မှတ်ထားတဲ့ကံကြမ္မာကြောင့် ဝေးကွာနေကြတဲ့ ချစ်သူနှစ်ယောက် ပြန်ဆုံတွေ့ကြမယ့် မနက်ဖြန်