[Zawgyi]
အချိန်တွေကတရွေ့ရွေ့နဲ့အကုန်မြန်လွန်းလှလေသည်။ သူတို့ရဲ့မင်္ဂလာပွဲလေးက မနေ့တနေ့ကပဲကျင်းပခဲ့တယ်လို့ထင်နေမိပေမယ့် တကယ်တမ်းတော့ သူတို့နှစ်ယောက်ရဲ့ မင်္ဂလာသက်တမ်းဟာ တစ်နှစ်နီးပါးတောင်ကြာခဲ့ပြီဖြစ်သည်။
ဒီတစ်နှစ်အတွင်း နှစ်ယောက်သား နားလည်မှုတွေနဲ့ အိမ်ထောင်ရေးကိုသာယာစိုပြည်အောင် ထိန်းသိမ်းခဲ့ကြသည်။ တစ်ခါတစ်ရံစိတ်ဆိုးစိတ်ကောက်တာတွေရှိပေမယ့်လည်း တစ်ရက်တည်းနဲ့ပဲပြန်အဆင်ပြေသွားခဲ့ရသည်။
အလုပ်ဖွင့်ရက်တွေမှာ နှစ်ယောက်အတူတူ အလုပ်တာဝန်တွေကို ဝေမျှယူခဲ့ကြသည်။ အလုပ်ပိတ်ရက်တွေဆိုရင်တော့ ကျောပူအောင်အိပ်ပြီး နေ့လည်စာနဲ့ညစာကိုပေါင်းစားခဲ့ကြလေသည်။
သူတို့နှစ်ယောက်ရဲ့အိမ်ထောင်ရေးဟာ အကြီးအကျယ်ရန်ဖြစ်ကြတာမျိုးမရှိခဲ့ပေ။ တစ်ယောက်ကို တစ်ယောက် ဖေးမယုယမှုတွေကြောင့် အိမ်ထောင်ရေးကသာယာစိုပြေခဲ့ရသည်။
လက်ကနာရီကိုကြည့်လိုက်တော့ ၅နာရီထိုးခါနီးလေပြီ။ ဒီနေ့ ဂျင် ညဆိုင်းဆင်းရမှာဖြစ်တာကြောင့် သူတစ်ယောက်တည်း အိမ်ပြန်ရမည်ဖြစ်သည်။ ပြောရရင်တော့ အလုပ်ဆင်းချင်နေတာကြာလေပြီ။
မနက်မိုးလင်းကတည်း လူက မလန်းမဆန်းနဲ့နေရတာ ထိုင်းထိုင်းမှိုင်းမှိုင်းကြီးဖြစ်နေလေသည်။ တစ်နေ့လုံး အလုပ်ကိုအားတင်းပြီး လုပ်နေရသည်။ အိမ်ရောက်တေည့ ဂျင့်အတွက် ညစာပြင်ပေးထားလိုက်သည်။ သူကိုယ်တိုင်ကတော့ နေလို့လည်းမကောင်းတာကြောင့် ညစာမစားဖြစ်တော့ပဲ အိပ်ရာထဲမှာပဲဝင်လှဲနေလိုက်သည်။
"ယွန်းဂီရေ ငါပြန်ရောက်... ဟင် အိပ်ပျော်နေပြီလား..."
" အိပ်မပျော်သေးပါဘူး နေလို့သိပ်မကောင်းလို့လှဲနေတာ..."
အလုပ်ကနေပြန်လာတဲ့ ဂျင်က သူ့ဘေးမှာဝင်ထိုင်ပြီး နဖူးကိုအသာစမ်းလေသည်။
"အဖျားလည်းမရှိပါဘူး.... ဆေးသောက်ထားသေးလား...."
"ဟင့်အင်း မသောက်ဘူး... အိပ်ရေးမဝလို့လားမသိဘူး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားရင်ကောင်းသွားမှာပါ...."
YOU ARE READING
Tomorrow ( Completed )
Randomအရမ်းချစ်ပေမယ့်လည်း မထင်မှတ်ထားတဲ့ကံကြမ္မာကြောင့် ဝေးကွာနေကြတဲ့ ချစ်သူနှစ်ယောက် ပြန်ဆုံတွေ့ကြမယ့် မနက်ဖြန် အရမ်းချစ်ပေမယ့်လည်း မထင်မှတ်ထားတဲ့ကံကြမ္မာကြောင့် ဝေးကွာနေကြတဲ့ ချစ်သူနှစ်ယောက် ပြန်ဆုံတွေ့ကြမယ့် မနက်ဖြန်