(Zawgyi)
ပြေးလွှားဆော့ကစားနေတဲ့ ကလေးတွေကိုကြည့်ရင်း ငါ့ကလေးလေးလည်း ကြီးလာရင် ဒီလိုနေမှာပဲလို့ တွေးနေမိသည်။ သူ့ကလေးလေးက ဖြူဖြူတုတ်တုတ်လေးပဲဖြစ်မလား။ ပိန်ပိန်သွယ်သွယ်လေးဖြစ်မလား ခနခနစိတ်ကူးယဉ်နေမိသည်။ မိဘတစ်ယောက်ရဲ့ကြည်နူးမှုဆိုတာ ဒါကိုပြောတာလား။
မတွေ့ရသေးတာတောင် ဒီလောက် ချစ်နေမိရင် တွေ့ရတဲ့အချိန်ကျရင် သူကအရမ်းအကဲပိုတဲ့အဖေတစ်ယောက်များဖြစ်နေမလား။
"ကိုယ်ဝန်ဘယ်လောက်ရသွားပြီလဲ...."
"5လ ရှိသွားပြီ...."
"ညီမကတော့ 6လရှိပြီ ပြီးတော့ ဒါကဒုတိယမြောက်ကလေးလေ..."
သူ့လိုမျိုး ဆရာဝန်နဲ့တွေ့ဖို့စောင့်နေတဲ့ ကလေးအမေတစ်ယောက်ကရင်းရင်းနှီးနှီးစကားလာပြောလေသည်။တခြားသူတွေကတော့ သူ့ကို စိတ်ပျက်သလို အထင်သေးသလိုအကြည့်မျိုးတွေနဲ့ကြည့်ပေမယ့် သူမကတော့ သူ့ကိုစကားတွေပင်လာပြောနေသေးသည်။
"ကလေးမွေးရတာအရမ်းခက်ခဲလား ညီမ..."
"ရိုးရိုးမွေးတာကတော့ အရမ်းခက်တာပေါ့အကိုရယ်... ညီမက ပထမကလေးတုန်းကလည်းခွဲမွေးထားတာဆိုတော့ ဒီကလေးလည်းခွဲမွေးရမှာလေ.... မမွေးသေးခင် ကလေးတိုးနေတဲ့အချိန်ကတော့ သေချင်စော်နံလောက်အောင် နာတာအကိုရေ.... အကိုလည်းနောက်ဆို ဒီဒုက္ခတွေခံစားရတော့မှာ စိတ်မပူနဲ့...."
သူမကတော့ ပထမတစ်ယောက်မွေးထားသောအတွေ့အကြုံရှိလို့လားမသိ ကလေးမွေးရတဲ့ဒုက္ခကိုပေါ့ပေါ့ပါးပါးပင်ပြောနေလေသည်။ သူကသာ ကြားရတဲ့စကားများကြောင့် ဇောချွေးတွေပါပြန်ချင်လာရသည်။
"အကိုတစ်ယောက်တည်းလာတာလား... အမျိုးသားမပါဘူးလား..."
"သူ အလုပ်သွားနေလို့ အမေနဲ့အတူလာတာ... အမေကဆေးနံ့တွေမခံနိုင်ဘူးဆိုပြီး အပြင်မှာပဲကျန်နေခဲ့တယ်..."
"ညီမအမျိုးသားရောပဲ အလုပ်သွားနေတာနဲ့.... အကြီးလေးကိုအမေတို့အိမ်မှာထားခဲ့ပြီး တစ်ယောက်တည်းလာရတာ..."
YOU ARE READING
Tomorrow ( Completed )
Randomအရမ်းချစ်ပေမယ့်လည်း မထင်မှတ်ထားတဲ့ကံကြမ္မာကြောင့် ဝေးကွာနေကြတဲ့ ချစ်သူနှစ်ယောက် ပြန်ဆုံတွေ့ကြမယ့် မနက်ဖြန် အရမ်းချစ်ပေမယ့်လည်း မထင်မှတ်ထားတဲ့ကံကြမ္မာကြောင့် ဝေးကွာနေကြတဲ့ ချစ်သူနှစ်ယောက် ပြန်ဆုံတွေ့ကြမယ့် မနက်ဖြန်