< 16 >

436 73 19
                                    

{ Zawgyi }

ယွန်းဂီ ဒီနေ့ ဟင်းတွေလာပို့မယ်လို့ ဒေါက်တာညကပြောထားတာကြောင့် သူအိပ်ရာကနေအစောကြီးထပြီး အဝတ်အစားလဲကာ ပြင်ဆင်နေမိသည်။ ရှိစုမဲ့စုအင်္ကျီတွေထဲကနေ သူနဲ့ကြည့်အကောင်းဆုံးဖြစ်မယ့်အင်္ကျီကိုရွေးထုတ်နေမိသည်။

နောက်ဆုံးတော့ မိုးပြာရောင်အင်္ကျီနှင့်ဘောင်းဘီအဖြူကိုတွဲပြီးဝတ်လိုက်သည်။ အဝတ်လဲပြီးတော့ ဆံပင်ကိုလှဲထားရမလား ထောင်ရမလားတွေးရင်း ဗျာများနေရပြန်သည်။ ယွန်းဂီရှေ့မှာ တည်ငြိမ်တဲ့ပုံစံကိုပြချင်တာကြောင့် ဆံပင်ကိုသပ်သပ်ရပ်ရပ်လေးပဲဖြီးလိုက်တော့သည်။

အားလုံးပြင်ဆင်လို့ပြီးတော့ ဧည့်ခန်းမှာထွက်ထိုင်ပြီး ယွန်းဂီကိုစောင့်နေလိုက်သည်။ အိမ်တံခါးဝကိုကြည့်နေရင်းနဲ့ပင် ရင်ခုန်သံတွေကမြန်လာရလေသည်။ တကယ်ပါ အဲ့ဒီအသေးလေးက တစ်ခါတည်းတွေ့ဖူးရုံနဲ့တင် သူ့အာရုံတွေကိုစိုးမိုးသွားတာ။

နေ့နေ့ညည ယွန်းဂီကိုပဲတွေးနေမိရုံအပြင် မမြင်ဖူးသေးတဲ့ ယွန်းဂီရဲ့သမီးလေးကိုပါ စိတ်ကူးထဲမှာ ကြိုတင်ပုံဖော်ကြည့်ပြီး ချစ်နေမိတဲ့သူဟာ တော်တော်ကို အရူးရင့်နေပြီမလား။ ရူးချင်လည်းရူးပါစေတော့ ယွန်းဂီကြောင့် ရူးရတဲ့အချစ်ရူးဘဝကိုပျော်ပျော်ကြီးခံယူလိုက်ပေဦးမည်။

^*^*^*^*^*^*^*^*^

ဒီနေ့မှ သူ့ခြေလှမ်းတွေကပိုပြီး တက်ကြွနေလေသည်။ စိတ်ကပဲမြန်နေလို့လားမသိ အမြဲတမ်းသွားနေကျ ဒေါက်တာထယ်ယောင်းရဲ့အိမ်က အခုကျမှပိုဝေးနေသလိုထင်နေရသည်။

လက်နှစ်ဖက်အပြည့်ဆွဲထားတဲ့ ဟင်းဘူးတွေထည့်လာတဲ့အိတ်က လေးနေပေမယ့်လည်း သူ့စိတ်ထဲမှာ နည်းနည်းလေးတောင်ပင်ပန်းတယ်လို့မခံစားခဲ့ရပေ။ ဒီဟင်းတွေကိုလည်း သူ မနက်အစောကြီးကတည်းကထပြီးချက်ထားခြင်းဖြစ်သည်။

ဒေါက်တောရော ဆော့ဂျင်ပါ ဝဝလင်လင်စားနိုင်ဖို့အတွက် သူဟင်းတွေများများချက်လာခဲ့လေသည်။ ဒေါက်တာ့အိမ်တံခါးရှေ့ကိုရောက်တော့ အိတ်တွေကိုခနချကာ အင်္ကျီကိုဆွဲဆန့်ပြီး ကြည့်ကောင်းအောင်ပြင်ဆင်လိုက်သည်။

Tomorrow ( Completed )Where stories live. Discover now