<8>

475 81 11
                                    

(Zawgyi)


ပြတင်းပေါက်ကိုဖွင့်လိုက်တော့ လေနုအေးအေးကသူ့မျက်နှာကိုတိုက်ခတ်လာလေသည်။ ဒါပေမယ့်လည်း သူ့ရင်ထဲကအပူတွေကတော့ တစ်နေ့တစ်ခြားပိုပြီးတောက်လောင်နေခဲ့သည်။ ည ညဆိုအိပ်မပျော်ပဲ သက်ပြင်းတွေပဲချနေရတာ ဘယ်နှစ်ညတောင်ရှိနေပြီလဲ။

* စာမလာ သတင်းမကြားနဲ့ဘယ်တွေကိုများရောက်နေတာလဲ ဆော့ဂျင်ရယ်။ ငါတို့သားအဖကိုထားပြီး အဝေးကိုထွက်သွားတာလား။ မင်းကဒီလို ရက်စက်တတ်တဲ့သူမဟုတ်ဘူးမလား...။ တစ်နေ့တော့မင်း ငါတို့သားအဖဆီပြန်လာမှာ မဟုတ်လား...။ ငါတို့သားအဖ မင်းကိုနေ့တိုင်းမျှော်နေတယ်လေ အမြန်ပြန်လာပါတော့ ဆော့ဂျင်ရယ်...။*

တလိမ့်လိမ့်ကျဆင်းလာတဲ့ မျက်ရည်တွေကို လက်နဲ့သုတ်လိုက်ပြီး ကုတင်ပေါ်ဝင်လှဲလိုက်သည်။ အိပ်စက်ဖို့ကြိုးစားပေမယ့်လည်း အိပ်မပျော်နိုင်ခဲ့ပေ။ ကုတင်ဘေးက ပုခက်ထဲမှာနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ သမီးလေးကိုကြည့်ရင်း ဆော့ဂျင်ကိုသတိရစိတ်တွေကပိုတိုးလာရလေသည်။

သမီးလေးကိုကြည့်နေတုန်းမှာပဲ သူ့အခန်းတံခါးပွင့်သွားပြီး ဝင်လာတဲ့သူကြောင့် မျက်ရည်တွေကပျာကယာသုတ်လိုက်ရသည်။

"ထင်သားပဲ ယွန်းဂီ မအိပ်သေးဘူးလို့... "

သူ့ကုတင်ဘေးကခုံမှာဝင်ထိုင်တဲ့ ကောင်ချောလေးကို အားတင်းပြီးပြုံးပြလိုက်မိသည်။

"စောစောအိပ်ပါလို့ ကျွန်တော်မှာထားတယ်လေ... ဘာလို့စကားနားမထောင်တာလဲ... "

"အိပ်ပျော်ဖို့ကြိုးစားကြည့်ပါသေးတယ်... ဒါပေမယ့် အိပ်မပျော်ပါဘူး ဒေါက်တာရယ် ကျွန်တော့ကို အိပ်ဆေးပေးလို့မရဘူးလား... "

"အိပ်ဆေးသောက်လို့မရဘူးလေ... ဒီမှာ ကျွန်တော် နွားနို့ပူပူလေးယူလာတယ် သောက်လိုက်ဦး.... "

သူ့ကိုကမ်းပေးလာတဲ့ နွားနို့ခွက်ကိုလှမ်းယူပြီး တစ်ငုံသောက်လိုက်သည်။

"စိတ်ညစ်စရာတွေမတွေးပဲ အိပ်ပျော်ဖို့ကြိုးစားလေ... သွေးနုသားနုဖြစ်နေတဲ့အချိန်မှာ အားတွေပြည့်အောင်နေရမှာပေါ့... "

Tomorrow ( Completed )Where stories live. Discover now