{ Zawgyi }
မျက်လုံးဖွင့်ဖွင့်ချင်း မြင်လိုက်ရတဲ့အဖြူရောင်မျက်နှာကျက်။ထို့နောက် အတွေးထဲဝင်ရောက်လာတဲ့ပုံရိပ်တစ်ချို့နဲ့အတူ ခေါင်းအနည်းငယ်ကိုက်သွားလေသည်။
"သတိရပြီလား ဂျင်...."
သူ့အပေါ်ကိုအုပ်မိုးကာ မေးလာတဲ့ မျက်နှာလေး။ စိုးရိမ်မှုတွေပြည့်နှက်နေတဲ့မျက်ဝန်းတွေထဲမှာ မျက်ရည်ကြည်လေးတွေတောင်ဝဲနေခဲ့လေသည်။ သတိရလွမ်းဆွတ်နေရတဲ့ နှုတ်ခမ်းလေးကိုနမ်းချင်တာကြောင့် ခေါင်းလေးကိုလှမ်းကိုင်ကာ ငုံ့ခိုင်းပြီးနမ်းလိုက်သည်။
"ဂျင်...."
နှုတ်ခမ်းတွေကိုအလွတ်ပေးလိုက်တော့ အလန့်တကြားလေးသူ့နာမည်ကိုခေါ်ပုံကအသဲယားစရာအတိပင်။
"လွမ်းနေခဲ့ရတာ အဲ့နှုတ်ခမ်းလေးကို.... "
"မင်း... မင်း သတိပြန်ရပြီလား...."
"ဒါပေါ့... အချစ်ကလေးရဲ့ ဒီအတောအတွင်းအကြာကြီးမေ့နေခဲ့မိလို့ တောင်းပန်ပါတယ်နော်...."
"မဟုတ်တာ.... ငါကမှတောင်းပန်ရမှာ မင်းအသက်အန္တရာယ်ကြုံခဲ့မှန်းမသိပဲ... မင်းကိုစိတ်ဆိုးနေခဲ့မိတာ... ငါ့ကိုခွင့်လွှတ်ပါနော်..."
ပြောရင်းနဲ့မျက်ရည်လေးပါကျလာတာကြောင့် မြတ်နိုးစွာဖြင့် လက်နဲ့အသာသုတ်ပေးလိုက်မိတော့ သူ့လက်ကိုအပေါ်ကနေအုပ်မိုးပြီးကိုင်လေသည်။
"ခွင့်လွှတ်တာပေါ့ ယွန်းဂီရယ်... သမီးလေးကိုမွေးရင်း မင်းဘယ်လောက်တောင်နာကျင် ဝမ်းနည်းနေရမလဲ...ငါကအနားမှာရှိပြီး အားပေးရမှာကို..."
"သမီးလေးကိုမွေးတုန်းကတော့ ငါမင်းကိုအရမ်းသတိရတာပဲ... သမီးလေးရဲ့မျက်နှာကိုစတွေ့တွေ့ချင်းတုန်းက မင်းဆိုဘယ်လောက်တောင်ချစ်လိမ့်မလဲဆိုပြီး တွေးနေခဲ့မိတာ... အဲ့ဒီအချိန်မှာမင်းလည်း အရမ်းနာကျင်နေခဲ့ရမှာပဲနော်...."
"ဒါနဲ့ သမီးလေးရော...အိမ်ပြန်ပို့လိုက်တာလား "
"မင်းဘေးမှာအိပ်ပျော်နေတယ်လေ...."
ယွန်းဂီပြောမှလှည့်ကြည့်လိုက်တော့ သူ့ဘေးမှာကွေးကွေးလေးအိပ်ပျော်နေသည့်သမီးလေးကိုတွေ့လိုက်ရသည်။တစ်ဖက်စောင်းအိပ်နေတာကြောင့် နှုတ်ခမ်းလေးကစူထွက်ပြီးပါးကြီးကလည်း ဖောင်းကားနေတာကြောင့် အသဲယားစွာဖြင့် အသဲယားစွာဖြင့်ပါးလေးကိုကိုက်လိုက်မိတော့ အဲ့ ဆိုတဲ့အသံလေးတစ်ချက်သာထွက်ပြီး နိုးတော့မနိုးလာပေ။
YOU ARE READING
Tomorrow ( Completed )
Randomအရမ်းချစ်ပေမယ့်လည်း မထင်မှတ်ထားတဲ့ကံကြမ္မာကြောင့် ဝေးကွာနေကြတဲ့ ချစ်သူနှစ်ယောက် ပြန်ဆုံတွေ့ကြမယ့် မနက်ဖြန် အရမ်းချစ်ပေမယ့်လည်း မထင်မှတ်ထားတဲ့ကံကြမ္မာကြောင့် ဝေးကွာနေကြတဲ့ ချစ်သူနှစ်ယောက် ပြန်ဆုံတွေ့ကြမယ့် မနက်ဖြန်