[ Zawgyi ]
"ဗျာ....!!"
ဒေါက်တာ့ဆီကစကားကြောင့် သူ မယုံနိုင်ဖြစ်သွားခဲ့ရသည်။ ကောင်လေးက အိမ်ထောင်သည်တဲ့လား။ ဖြူဖြူသေးသေးလေးနဲ့ ကလေးလေးလားတောင်ထင်မှတ်မိတဲ့ကောင်လေးက အိမ်ထောင်သည်ဖြစ်တဲ့အပြင် သမီးလေးတစ်ယောက်လည်းရှိနေတယ်တဲ့လေ။
"ဟုတ်တယ် ကိုလူချော... ယွန်းဂီရဲ့ဘဝက သိပ်သနားဖို့ကောင်းတာ.... သူ ကလေးမွေးတဲ့နေ့မှာပဲ သူ့ယောက်ျားကပျောက်သွားလိုက်တာ အခုထိပေါ်မလာတော့ဘူး... "
မြင်တောင် မမြင်ဖူးတဲ့ကောင်လေးရဲ့ ယောက်ျားဆိုသူကို သူ စိတ်ထဲကနေကျိန်ဆဲလိုက်မိသည်။ ဘာကြောင့်များ ကောင်လေးကိုထားသွားရတာပါလိမ့်။
"ယွန်းဂီကအခု သူ့ခွန်သူ့အားနဲ့ သမီးလေးကိုပြုစုစောင့်ရှောက်နေတာ... သမီးလေးကသာ သူ့ဘဝလို့လည်း ခနခနပြောရှာတယ်....တခါတလေ ပင်ပန်းတဲ့အချိန်တွေမှာလည်း သူ့ယောက်ျားကို သတိရမိတယ်လို့ ကျွန်တော့ကိုရင်ဖွင့်ဖူးတယ်..."
"ယွန်းဂီက တော်တော်ဝမ်းနည်းနေရရှာမှာပဲနော်...."
"ဟုတ်တယ် ကိုလူချောရေ... ဒါပေမယ့်လည်း ယွန်းဂီက မက်မွန်သီးလေးအတွက် အမြဲတမ်းကြံ့ခိုင်တဲ့အဖေဖြစ်အောင်ကြိုးစားနေရှာတာ...."
"မက်မွန်သီးလေးက... ??"
"အော်... မက်မွန်သီးလေးဆိုတာ ယွန်းဂီရဲ့သမီးလေးကိုခေါ်တဲ့ နာမည်လေ.. ကလေးလေးကသိပ်ချစ်ဖို့ကောင်းတာ... ကဲ ကျွန်တော်လည်း နားတော့မယ် ကိုလူချောရေ..."
"ဟုတ်ကဲ့ ဒေါက်တာ... နားပါတော့ "
ဒေါက်တာအခန်းထဲဝင်သွားတော့ သူတစ်ယောက်တည်းသာ အတွေးများစွာနှင့်ကျန်ခဲ့ရသည်။ မက်မွန်သီးလေးလို့ခေါ်တဲ့ ကောင်လေးရဲ့ သမီးလေးကလည်း ကောင်လေးလို သိပ်ချစ်ဖို့ကောင်းမှာသေချာလေသည်။
ရင်နာစရာကောင်းတဲ့ ယွန်းဂီရဲ့အကြောင်းကိုကြားရတော့ သူတော်တော်စိတ်မကောင်းဖြစ်မိသည်။ တခနလေးတွေးဖူးတဲ့ ယွန်းဂီကို သူဘာကြောင့် ဒီလောက် စိတ်ဝင်တစားဖြစ်နေမိမှန်း သူကိုယ်တိုင်တောင် နားမလည်နိုင်တော့ပေ။
YOU ARE READING
Tomorrow ( Completed )
Randomအရမ်းချစ်ပေမယ့်လည်း မထင်မှတ်ထားတဲ့ကံကြမ္မာကြောင့် ဝေးကွာနေကြတဲ့ ချစ်သူနှစ်ယောက် ပြန်ဆုံတွေ့ကြမယ့် မနက်ဖြန် အရမ်းချစ်ပေမယ့်လည်း မထင်မှတ်ထားတဲ့ကံကြမ္မာကြောင့် ဝေးကွာနေကြတဲ့ ချစ်သူနှစ်ယောက် ပြန်ဆုံတွေ့ကြမယ့် မနက်ဖြန်