(Zawgyi)
လေးလံလှတဲ့ မျက်ခွံတွေကိုကြိုးစားအားယူပြီးဖွင့်လိုက်တော့ သူ မြင်ရတာ အဖြူရောင်မျက်နှာကျက် သာဖြစ်သည်။ ထဖို့အားယူမိတော့ သူ့ခန္ဓာကိုယ်တစ်ခုလုံးနာကျင်နေပြီး လှုပ်ရှားလို့မရနိုင်ခဲ့ပေ။
ဘေးဘီဝဲယာကို ခေါင်းစောင်းကြည့်မိတော့ သူ့အနားမှာဘယ်သူမှ မရှိပေ။ထိုအချိန်မှာပဲ အခန်းတံခါးကိုဖွင့်ကာ ဝင်လာသူတစ်ယောက် သူ့ကိုမြင်တော့ ဝမ်းသာသွားတဲ့မျက်နှာကိုတွေ့လိုက်ရသည်။
ထိုလူကသူ့အနားကိုရောက်လာပြီး သူ့မျက်လုံးကို အလင်းရောင်တစ်ခုနဲ့ထိုးကြည့်လေသည်။ ပြီးတော့ သူ့ကို ဟိုကြည့်ဒီကြည့်နဲ့စမ်းသပ်နေပြန်သည်။
ခနေနေတာ့ ထိုလူအပြင်တခြားလူနှစ်ယောက်ပါရောက်လာပြီး သူ့ကိုကြည့်ကာ စကားတွေပြောနေကြပေမယ့် သူသဲသဲကွဲကွဲမကြားရပေ။ သူ စကားပြောဖို့ကြိုးစားကြည့်ပေမယ့်လည်း ပါးစပ်ထဲမှာစေးကပ်နေပြီးတော့ လည်ချောင်းတွေနာကာ အသံထွက်မလာခဲ့ပေ။
သူ့မျက်နှာပေါ်မှာရှိနေတဲ့အရာကို ထိုလူကဖြုတ်ပေးပြီး သူ့ပါးစပ်ထဲကို ရေတစ်စက်ခြင်းချပေးတော့မှာပဲ နေသာထိုင်သာရှိသွားခဲ့လေသည်။
"လူနာ... ဒေါက်တာ့ကို ကောင်းကောင်းမြင်ရလား..."
ဒေါက်တာလို့ သူ့ကိုယ်သူပြောနေတဲ့ ထိုလူရဲ့အမေးကို သူခေါင်းငြိမ့်ပြီးပဲ အဖြေပေးလိုက်မိသည်။
"လူနာသတိလစ်နေတာ တစ်ပတ်လောက်ရှိသွားပြီ... ဒီအတောအတွင်း ဆက်သွယ်စရာလည်းလိပ်စာတွေဘာတွေလည်း မတွေ့တော့မိသားစုကို မဆက်သွယ်ခဲ့ရဘူး.... အိမ်ကမိသားစုဝင်တစ်ယောက်ယောက်ရဲ့ ဖုန်းနံပါတ်များမှတ်မိလား... ဒေါက်တာတို့ဖုန်းဆက်ပြီး အကြောင်းကြားပေးပါ့မယ်.... "
ဒေါက်တာပြောတဲ့ မိသားစုဝင် ဖုန်းနံပါတ်ဆိုတဲ့စကားတွေကသူ့ခေါင်းထဲမှာချာချာလည်နေလေသည်။ ဘာမှတွေးလို့မရပဲ သူ့ခေါင်းထဲမှာဟာလာဟင်းလင်းဖြစ်နေတာကြောင့် ဖြေးညှင်းစွာခေါင်းကိုခါပြလိုက်တော့ ခုနကပျော်နေတဲ့ဒေါက်တာမျက်နှာက ညှိုးငယ်သွားလေသည်။
YOU ARE READING
Tomorrow ( Completed )
Randomအရမ်းချစ်ပေမယ့်လည်း မထင်မှတ်ထားတဲ့ကံကြမ္မာကြောင့် ဝေးကွာနေကြတဲ့ ချစ်သူနှစ်ယောက် ပြန်ဆုံတွေ့ကြမယ့် မနက်ဖြန် အရမ်းချစ်ပေမယ့်လည်း မထင်မှတ်ထားတဲ့ကံကြမ္မာကြောင့် ဝေးကွာနေကြတဲ့ ချစ်သူနှစ်ယောက် ပြန်ဆုံတွေ့ကြမယ့် မနက်ဖြန်