[Zawgyi]
အဝတ်အစားတွေကိုအိတ်ထဲထည့်ပြီး ကြိုတင်ပြင်ဆင်ထားလိုက်သည်။ ဘာပစ္စည်းတွေလိုဦးမလဲဆိုတာ တစ်ချက်စစ်ကြည့်လိုက်သည်။ လကုန်မှဆေးရုံတက်ရမှာဆိုပေမယ့်လည်း အခုကတည်းက လိုအပ်တာ ကြိုပြီးပြင်ဆင်ထားရသည်။
အခုဆို ကလေးလေးနဲ့တွေ့ဖို့ ရက်က၁၀ရက်ကျော်လောက်ပဲလိုတော့လေသည်။ ဒီကလေးလေးကို ၁၀လနီးပါးလောက် ဗိုက်ထဲမှာထည့်ထားခဲ့တာကို ပြန်တွေးကြည့်ရင်ယုံချင်စရာတောင်မရှိပေ။
ကိုယ်ဝန်စရှိခဲ့တာကမနေ့တနေ့ကလိုသာခံစားရလေသည်။ ကိုယ်ဝန်စရှိတုန်းကခံစားခဲ့ရတဲ့ဝေဒနာတွေကတော့ ကလေးလေးကိုတွေ့ရတော့မယ်ဆိုတဲ့အတွေးနဲ့တင်အကုန်မေ့ပျောက်နိုင်ခဲ့ပြီလေ။
မတ်တတ်ရပ်တာကြာပြီဖြစ်တာကြောင့် ခါးကညောင်းလာလေသည်။ ခုံကိုလှမ်းကိုင်ပြီး သတိထားကာထိုင်လိုက်ရသည်။ ကိုယ်ဝန်လရင့်ကတည်းက အိမ်အပြင်တောင်မထွက်ဖြစ်တော့ပေ။ လမ်းကိုလည်း အိမ်ထဲမှာပဲလျှောက်ဖြစ်တော့သည်။
ထိုင်တော့မှပဲ ဗိုက်ထဲကတဆစ်ဆစ်နဲ့နာလာလေသည်။ အိမ်သာတက်ချင်လို့နာတဲ့အနာမျိုးလည်းမဟုတ် ခံစားရတော်တော်ဆိုးလေသည်။ တဖြည်းဖြည်းနဲ့နာတာကစိပ်လာတာကြောင့် ဖုန်းကိုလှမ်းယူပြီး အမေ့ကိုဆက်လိုက်ရသည်။
"ဟဲလို...."
"အမေ.... ကျွန်တော် ဗိုက်နာနေတယ် ခံရအရမ်းခက်တာပဲ...."
"ဟယ်... မွေးဖို့ကလည်း တော်တော်လိုသေးတယ်မလား...."
"ဟုတ်တယ် အမေ...."
"ခနလေးသည်းခံထားဦးနော် အမေလာခဲ့မယ်.... "
နာရတဲ့အကြောင်းအရင်းကိုမသိတာကြောင့် သူစိတ်ပူနေမိသည်။ ကလေးလေးဘာမှမဖြစ်ပါစေနဲ့လို့ဆုတောင်းရင်း အမေအလာကိုစောင့်နေရသည်။ ခနအကြာမှာပဲအမေနဲ့အတူ အဖေပါရောက်လာခဲ့လေသည်။
အမေကသူ့ကိုကူတွဲပေးပြီး အဖေကတော့ သူအခုလေးတင်ပြင်ထားသည့် အထုတ်တွေကိုသယ်လာပေးလေသည်။ထို့နောက် သုံးယောက်သား ကားငှါးကာ ဆေးရုံကိုထွက်လာခဲ့လိုက်သည်။
YOU ARE READING
Tomorrow ( Completed )
Randomအရမ်းချစ်ပေမယ့်လည်း မထင်မှတ်ထားတဲ့ကံကြမ္မာကြောင့် ဝေးကွာနေကြတဲ့ ချစ်သူနှစ်ယောက် ပြန်ဆုံတွေ့ကြမယ့် မနက်ဖြန် အရမ်းချစ်ပေမယ့်လည်း မထင်မှတ်ထားတဲ့ကံကြမ္မာကြောင့် ဝေးကွာနေကြတဲ့ ချစ်သူနှစ်ယောက် ပြန်ဆုံတွေ့ကြမယ့် မနက်ဖြန်