<2>

824 103 13
                                    

(Zawgyi)

နားထဲတိုးဝင်လာတဲ့ ဖုန်း alarm သံကြောင့် အိပ်ချင်မူးတူးနဲ့ လန့်နိုးလာခဲ့ရသည်။ Alarm ကိုပိတ်ဖို့ဖုန်းကိုယူလိုက်တော့ ပေါ်နေတဲ့စာတန်းလေးကြောင့် ရင်ခုန်စိတ်လှုပ်ရှားသွားမိသည်။

* ဂျင်နဲ့မင်္ဂလာဦးပစ္စည်းသွားဝယ်ရန် *

မင်္ဂလာဆောင်ဖို့ရက်နီးလာလေ စိတ်လှုပ်ရှားမှုတွေကတိုးလာလေသည်။ ဂျင် လက်ထပ်ခွင့်တောင်းပြီး နောက်နေ့မှာပဲ မိဘတွေကို သူတို့လက်ထပ်မယ့်အကြောင့် ဖွင့်ပြောဖြစ်သည်။ နဂိုကတည်းက လက်ခံသဘောတူထားတာကြောင့် မိဘတွေကဘာငြင်းဆိုစကားမှမပြောခဲ့ပေ။

အမေကတော့ မိန်းမသားပီပီ စိုးရိမ်နေလေသည်။ ပတ်ဝန်းကျင်က ကဲ့ရဲ့ရှုံ့ချမှာ ဝေဖန်မှာကို စိတ်ပူနေပုံရသည်။ အမှန်တော့ သူကိုယ်တိုင်လည်း ဒီလိုစိတ်ပူခဲ့တာပါပဲ။ လက်ခံသူတွေရှိလာပေမယ့်လည်း တချို့လူကြီးပိုင်းတွေကတော့ ရှေးရိုးစွဲတွေဖြစ်တာကြောင့် လိင်တူချစ်ခြင်းကို ကဲ့ရဲ့ကြတယ်လေ။

ဒါပေမယ့် ဂျင့်ရဲ့လက်ကိုတွဲပြီးတဲ့အချိန်ကစပြီး ဒါတွေအားလုံးကို ရင်ဆိုင်နိုင်ဖို့သတ္တိတွေရှိလာခဲ့လေသည်။ ဂျင်သာအနားမှာရှိမယ်ဆိုရင် ဘယ်အရာကိုမဆို ကျော်လွှားနိုင်မှာအသေအချာပါပဲ။

"ယွန်းဂီရေ မနိုးသေးဘူးလား...."

အိပ်ရာကမထနိုင်သေးပဲ အတွေးနွံထဲမှာနစ်နေတုန်း ဂျင်ရဲ့အော်သံကိုကြားလိုက်ရသည်။ မိဘတွေနဲ့ မိတ်ဆက်ပေးပြီးကတည်းက ဂျင်ဟာ အိမ်ကိုတံခါးမရှိဓားမရှိ ဝင်ထွက်နေလေသည်။ အမေတို့ကလည်း မိဘမဲ့တစ်ယောက်ဖြစ်တဲ့ ဂျင်ကို သားအရင်းလေးတစ်ယောက်လို ချစ်ခင်ပေးခဲ့ကြတယ်။

"ဟိတ် အိပ်ပုတ်လေး...."

"နိုးနေတာကြာပါပြီ မထချင်သေးလို့.... "

ဂျင်ကအခန်းထဲဝင်လာပြီး သူ့ကုတင်ပေါ်မှာ ဝင်ထိုင်လိုက်လေသည်။

"ငပျင်းလေးလုပ်နေတာပေါ့.... ငါနဲ့လက်ထပ်ပြီးရင် အဲ့လိုအပျင်းထူလို့မရဘူးနော်... ငါက ယွန်းဂီရေဆိုတာနဲ့ မင်းကအဆင်သင့်ဖြစ်နေရမယ်...."

Tomorrow ( Completed )Where stories live. Discover now