< 14 >

423 79 32
                                    

{ Zawgyi }

ရင်ခွင်ထဲကသမီးလေးရဲ့ ငိုသံကြားမှပဲ သူ အိပ်ပျော်နေရာကနေလန့်နိုးလာရသည်။ အခန်းပြတင်းပေါက်က နေအလင်းရောင်က သူ့ကိုယ်ပေါ်ကိုတောင်ကျရောက်နေတာကြောင့် နာရီကိုကြည့်လိုက်မိတော့ ၈နာရီထိုးလေပြီ။ ဒီနေ့အလုပ်ပိတ်ရက်ဖြစ်တာကြောင့် သူနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့လေသည်။

အိပ်ရာကနေကမန်းကတန်းထကာ ငိုနေရှာတဲ့ သမီးလေးကိုပွေ့ချီပြီး ချော့လိုက်ရသည်။ အငိုတိတ်သွားတော့မှ ရေချိုးခန်းထဲခေါ်သွားပြီး သမီးကိုမျက်နှာသစ်ပေးလိုက်သည်။ ရော်ဘာသွားတိုက်တံလေးနဲ့ သွားတိုက်ပေးတော့ မက်မွန်သီးလေးက သွားလေးကိုစိပေးထားလေသည်။

မျက်နှာသစ်သွားတိုက်ပေးပြီးတော့ မက်မွန်သီးလေးကို ဒိုင်ပါလဲ ပေါင်ဒါလူးပေးပြီး အဝတ်အစားပါလဲပေးလိုက်သည်။ သမီးလေးကိုချီကာ အခန်းအပြင်ထွက်လာတော့ အမေက အဆင်သင့်ဖျော်ထားပေးတဲ့နို့ဘူးကို ယူလာပေးလေသည်။

"မြေးလေး ငိုသံကြားတာနဲ့... အမေဖျော်ထားလိုက်တာ အခုနွေးသွားပြီဆိုတော့ တိုက်လို့ရပြီ...."

အမေ့ဆီကနို့ဘူးကိုယူပြီး တိုက်လိုက်တော့ မက်မွန်သီးလေး ကအငမ်းမရစို့ရှာလေသည်။ နို့ဘူးကုန်သွားတော့ မကျက်တကျက်ပြုတ်ထားတဲ့ ကြက်ဥလေးခွံကျွေးတော့ တစ်ဝက်ကျော်ကျော်အထိကုန်အောင်စယးလေသည်။

ဗိုက်ဝသွားတော့မှ အရုပ်တွေနှင့် ဆော့နေတာကြောင့် သူ အမြန်မျက်နှာသစ် အဝတ်အစားလဲပြီး မနက်စာစားလိုက်ရသည်။ ဒီနေ့လည်း ဒေါက်တာ့အိမ်သွားပြီး ဟင်းတွေပို့ပေးရပေဦးမည်။ ဒီတစ်ခါတော့ ဟင်းတွေကို သူကိုယ်တိုင်ချက်ထားခြင်းဖြစ်သည်။

အိမ်မှာနေတဲ့အတောအတွင်း အမေ့ဆီကနေ ဟင်းချက်နည်းတွေသင်ဖြစ်သည်။ အဓိက ကတော့ သမီးလေးကို သူကိုယ်တိုင်ချက်ထားတဲ့ ဟင်းလေးတွေ ချက်ကျွေးချင်လို့ဖြစ်သည်။ အလုပ်ပိတ်ရက်တွေဆိုရင် သမီးလေးအတွက် သူကိုယ်တိုင် ချက်ပြုတ်ပေးဖြစ်သည်။

"အမေရေ... သားသွားလိုက်ဦးမယ်နော် "

"အေး အေး... သတိထားပြီးသွားဦးနော် "

Tomorrow ( Completed )Where stories live. Discover now