< 12 >

393 82 21
                                    

{ Zawgyi }

ဆောင်းအကုန်နွေအကူးဆိုပေမယ့် ဆောင်းအငွေ့အသက်တွေကျန်နေသေးတဲ့ လေအေးတွေတိုက်ခတ်လာတာကြောင့် ဝတ်ထားတဲ့အနွေးထည်ရဲ့ဇစ်ကိုဆွဲတင်လိုက်ပြီး ခြေလှမ်းတွေကို ခပ်သွက်သွက်လေးလှမ်းလိုက်သည်။

ရော်ရွက်ဝါတွေကြွေကျနေတဲ့ မြင်ကွင်းလေးက သိပ်လှပေမယ့်လည်း သူ့မှာငေးမကြည့်နိုင်အားပေ။ လက်ကနာရီကိုကြည့်လိုက်မိတော့ ၉နာရီထိုးခါနီးပြီဖြစ်တာကြောင့် ခြေလှမ်းတွေကိုအရှိန်ပိုတင်မိလိုက်သည်။

ထင်တဲ့အတိုင်းပင် ဆိုင်ရှေ့မှာထွက်စောင့်နေတဲ့ သူဌေးကိုတွေ့လိုက်ရတာကြောင့် သူ အပြေးကလေးသွားလိုက်မိသည်။

"ယွန်းဂီ ဆိုင်ဖွင့်ချိန်တောင်ရောက်တော့မယ်လေ.... "

"ဟုတ်ကဲ့ သူဌေး... နောက်မဖြစ်စေရပါဘူး ကျွန်တော်တောင်းပန်ပါတယ်.... "

"မင်းကအလုပ်ကြိုးစားတဲ့သူမို့လို့ ဒီတစ်ခါတော့ ခွင့်လွှတ်ပေးလိုက်မယ်... နောက်တစ်ခါမဖြစ်စေနဲ့ ဟုတ်ပြီလား...."

"ဟုတ်ကဲ့ သူဌေး...."


ယွန်းဂီဆိုင်ထဲကို ဝင်လာပြီး အဝတ်အစားလဲခန်းထဲမှာ အဝတ်လဲလိုက်သည်။ မနက်က သမီးလေး အိပ်ရာထနောက်ကျတာကြောင့် သူအလုပ်လာတာ နောက်ကျရခြင်းဖြစ်သည်။ သမီးလေးက မနက်အိပ်ရာနိုးတာနဲ့ သူ့ကိုမတွေ့ရင်ငိုတတ်တာကြောင့် သမီးနိုးတဲ့အချိန်ထိစောင့်ပြီး ဆိုင်ကိုလာရခြင်းဖြစ်သည်။

အခုဆို ဒီဖက်ရှင်ဆိုင်လေးမှာ သူအလုပ်လုပ်နေတာ ၃လလောက်ရှိပြီဖြစ်သည်။ အချိန်ပိုင်းအလုပ်ဆိုပေမယ့်လည်း လစာလည်းကောင်းသလို အလုပ်ကိုလည်း ရက်ခြားပဲလာရတာကြောင့် သူ့အတွက်တော့အတော်အဆင်ပြေလေသည်။

ပြီးတော့ဆိုင်လေးက သူတို့အိမ်နဲ့ဆို သိပ်မဝေးတာကြောင့်အလုပ်လာရတာလည်းအဆင်ပြေလေသည်။ သမီးလေးတဖြည်းဖြည်းကြီးလာသည်နှင့်အမျှ ကုန်ကျစရိတ်တွေကလည်း ပိုပိုတိုးလာရလေသည်။ အချိန်အတော်ကြာသည်အထိ သူတို့သားအဖကိုရှာကျွေးနေတဲ့ အဖေနဲ့အမေကိုအားနာတာကြောင့် သူအလုပ်ရှာရာမှ ဒီဆိုင်လေးမှာ အလုပ်ရခဲ့သည်။

Tomorrow ( Completed )Where stories live. Discover now