Pt.two🍂

978 123 4
                                    

ချယ်ရီပင်အုပ်အုပ်ကြီးအောက်မှာ ဖျာလေးခင်းပြီးထိုင်ဆော့နေကြတဲ့ ခလေးလေးနှစ်ယောက်နဲ့ ခြံထဲမှာပေါင်းပင်နှုတ်ပြီး အပင်တွေကိုရေလောင်းပေါင်းသင်နေတဲ့ အဘွားတစ်ယောက်ရှိလေတယ်၊တစ်ချက်တစ်ချက်'hyung'ဆိုပြီး ထထအော်တဲ့ အသံသေးသေးစူးစူးလေးကိုလည်း ကြားရမှာဖြစ်သေးသည်...

"wonnie လေးရေ hyungကပြန်ရတော့မှာမို့ see yaနော်..နောက်နေ့တွေပြန်လာမှာမို့ စောင့်နေပေး"

မျက်ဝန်းထဲမှာမျက်ရည်တွေအပြည့်နဲ့ ပြိုတော့မယ့်မိုးလို ဖြစ်နေတဲ့ ခလေးငယ်. .ဒီနေ့တစ်ရက်တည်းတွေ့ရသေးတယ် ဒီလောက်ထိခင်တွယ်ရလားဟူ၍ jay တစ်ယောက်မှတ်ချက်ချမိလိုက်သေးသည်။နောက်ရက်တွေမှာ ခလေးငယ်ကိုအချိန်ပေးနိုင်ဖို့ ကြိုးစားရဦးမည်။










"အိုမားရေ ကျွန်တော်တို့ကျောင်းတွေဖွင့်တော့မှာနော်၊ကျောင်းဖွင့်ရင်စက်ဘီးနဲ့ပဲ သွားလို့ရနိုင်မလား wonnieလေးကို အတူသွားမယ်ဆိုပြီး ကတိပေးထားလို့ပါ"

"သားငယ်လေးဟာ အဲဒီခလေးအပေါ်သိပ်ပြီးခင်တွယ်နေလိုက်တာ..."

"ဟီး ဟီး"

တစ်ဦးတည်းသောသားလေးမို့ ညီလေးတစ်ယောက်ကောက်ရသလို ပျော်မြူးနေသည့် သားငယ်လေးကိုကြည့်ပြီး ကျေနပ်ပီတိဖြစ်နေမိသည်။












"wonnie လေးရေ hyungစာအုပ်ဆိုင်သွားမှာမို့လိုက်ခဲ့ချင်လား?နောက်ပြီးဝယ်စရာလေးတစ်ချို့လည်းရှိသေးတယ်၊wonnieလေးစားချင်တာရှိရင် ဝယ်ကျွေးမယ်လေ"

ခေါင်းလေးညိမ့်ပြပြီး အိမ်နောက်ဖေးကိုပြေးသွားတဲ့ ခလေးငယ်လေး ပါးစပ်ကလည်း 'ဘွားဘွားရေ wonnie လေးကိုအင်္ကျီလေးလဲပေးပါ hyungနဲ့အပြင်သွားမှာမို့' ဆိုပြီးအော်သွားလေရဲ့ ...တကယ်ကိုချစ်မွှေးလေးပါကွာ

ခဏကြာတော့ အဖြူရောင်ရှပ်အင်္ကျီလေးနဲ့ ဘောင်းဘီတိုအနက်လေးဝတ်ထားတဲ့ ပိစိလေး ..ဒီခလေးငယ်လေးကသိပ်ချစ်ဖို့ကောင်းတယ်၊ရယ်လိုက်ရင်လည်းပါးနှစ်ဖက်က ပါးချိုင့်လေးနှစ်ခုကထင်းပြီးထွက်လာသေးတယ်၊နှုတ်ခမ်းပိစိလေးကလည်း နှင်းဆီဖူးလေးနှယ်၊မျက်ဝန်းလေးတွေကလည်းcrystalလေးတွေထည့်ထားသလား အောက်မေ့ရတယ်၊ငယ်ငယ်လေးနဲ့တောင်ဒီလောက်ချစ်ဖို့ကောင်းနေမှတော့ အရွယ်ရောက်လာရင်တော့ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်လေးဖြစ်နေတော့မှာပဲကွာ...




mystery 🍂    Wo Geschichten leben. Entdecke jetzt