Pt.nine🍂

641 102 12
                                    

"wonnie လေး..."

ပြန်ထူးသံမကြားလို့ ဘေးကိုကြည့်လိုက်တော့ ငိုက်နေလေရဲ့။ ဟုတ်ပါတယ် ခလေးငယ်ကစာတွေအများကြီးလုပ်ရတာ ပင်ပန်းနေရောပေါ့...

ကျောင်းမရောက်ခင် ခလေးငယ်အတွက် ice coffee လေးတစ်ခွက်လောက်ဝယ်ရန် coffeeဆိုင်တစ်ဆိုင်ရှေ့ရပ်လိုက်သည်။ ကားရပ်လိုက်တော့ လန့်နိုးလာသည်ထင် သူ့ဘက်ကိုမျက်လုံးမှေးမှေးလေးနှင့်ကြည့်လာလေသည်။ ပြီးတော့နောက်ခန်းက လွယ်အိတ်လေးကိုယူကာဆင်းရန်ပြင်နေသည်။ ခလေးငယ်ရဲ့လက်လေးအားဆွဲလိုက်ပြီး

"wonnieကျောင်းမရောက်သေးဘူးလေ.."

"အဲ့ဒါဆို ဘာလို့ကားရပ်လိုက်တာလဲ"

"woonie လေးအိပ်ငိုက်ပြေသွားအောင် hyung က ကော်ဖီဝယ်တိုက်မလို့....
ဒီမှာ ခဏနေခဲ့ဦးနော် ဝယ်ပြီးပြန်လာခဲ့မယ်"

ခေါင်းလေးကိုခပ်ဖွဖွပုတ်ပြီး ကားပေါ်ကဆင်းသွားတဲ့ သူ့ရဲ့hyung....သူ့အပေါ်ဆို အမြဲတမ်းလိုလေးသေးမရှိအောင်ထားပေးတယ်၊ သူ့မျက်နှာတစ်ချက်ညှိုးမှာကိုတောင် မလိုလားသည့် သူ့hyungအပေါ်ဘာလို့ မရိုးသားတဲ့စိတ်တွေထားမိနေပါလိမ့်။ hyungက သူ့ကိုညီလေးတစ်ယောက်လိုချစ်ပြီး စောင့်ရှောက်ပေးတာ ဒါကိုသူက hyungအပေါ်ပစ်မှားနေမိတာ.....

"wonnie ဘာတွေများအဲဒီလောက်ထိတွေးနေတာလဲ hyung ဝင်လာတာတောင်မသိရအောင်..ဟင်?"

"ဘာမှမဟုတ်ပါဘူး hyungရဲ့ ...ဟီး"

လက်ထဲကကော်ဖီဗူးလေးအား ခလေးငယ်ကိုပေးလိုက်တော့ ပိုက်လေးနဲ့ စုပ်သောက်နေလေရဲ့။
နေပါဦး ပိုက်နဲ့သောက်တာ တပြွတ်ပြွတ်မြည်ပြီး အဲဒီလောက်ချစ်စရာကောင်းအောင်သောက်စရာလိုလို့လားကွာ...နှုတ်ခမ်းရဲရဲလေးက စူထော်နေရောပဲ။ ဟော...ကြည့်နေတုန်းသူ့ကိုမျက်လုံးလေးလှန်ပြီး မော့ကြည့်လာသောခလေးငယ်...

"အဟွတ်...အဟွတ်.."

"wonnie ရာဂရုစိုက်သောက်မှပေါ့
သီးကုန်ပြီ တွေ့လား"

"hyung ကဘာလို့wonnieကို ရုပ်တည်ကြီးနဲ့ကြည့်နေ့တာလဲ၊ရုတ်တရက်ဆိုတော့ wonnieလည်းလန့်သွားတာပေါ့"

"ကြည့်ပါဦးကွာ ပါးစပ်တွေပေကုန်ပြီ..."

ပြောလည်းပြောလက်ကလည်း ခလေးငယ်ရဲ့နှုတ်ခမ်းတွေဆီသို့....
နှုတ်ခမ်းလွှာလေးပေါ်ကို လက်မလေးနဲ့ဖိပြီး ပွတ်ပေးလိုက်တော့ မျက်လုံးတွေပြူးကျယ်လာသည့် ခလေးငယ်၊ နှုတ်ခမ်းလေးတွေကလည်း ဂျယ်လီတုံးလေးတွေလို အိစက်နေရောပဲ...

mystery 🍂    Where stories live. Discover now