Pt.twenty three🍂

1K 70 30
                                    

ကျောင်းအုပ်ကြီးရုံးခန်းမှာ ခလေးငယ်ရဲ့အတန်းချိန်ကိုသိရန် သူကြိုးစားခဲ့ပြီး ခလေးငယ်ဝင်မည့်အတန်းတွင် သူထိုင်နေမိခြင်းဖြစ်သည်။ မနေ့ညကတွေ့ဖို့ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့တာကြောင့် ခုလိုလုပ်ခဲ့ရခြင်း။ မကြာပါဘူး ဆရာပေါက်စလေးသူ့အတန်းချိန်ကို ဝင်လာပါပြီ။ အမယ် ရှပ်အင်္ကျီအညိုရောင်လေးကို style pant အဖြူလေးနဲ့တွဲဝတ်ထားတဲ့ သူ့ရဲ့ခလေးငယ်ဟာ လုံးဝလူကြီးပေါက်စလေးပါပဲ။ နှစ်ပတ်ဆက်တိုက်ပစ်ထားတဲ့ ဒီဆရာပေါက်စကို မှတ်လောက်သားလောက်အောင်အပြစ်ပေးဦးမည်။












jungwon တစ်ယောက်ပုံမှန်သင်နေကြအတိုင်းစာ သင်နေပေမဲ့ နောက်ဆုံးတန်းရဲ့ထောင့်စွန်းမှာ ထိုင်နေတဲ့သူကို အကဲခတ်မိနေသည်။ တခြားကျောင်းသားများနဲ့မတူ သူ့ကိုပဲ တစ်ချိန်လုံးစိုက်ကြည့်နေသည်မို့နည်းနည်းလန့်မိသည်။ ဦးထုပ်ကိုငိုက်စိုက်ဆောင်းထားသည်ကြောင့် မျက်နှာကိုသေချာမမြင်ရပေ။ အတွေးများခဏရပ်ပြီး ထိုကျောင်းသားဆီမှ အာရုံလွှဲ၍ သင်စရာစာကိုသာ ပြန်အာရုံထားမိတော့သည်။









အတန်းချိန်ပြီးပြီဖြစ်သည့်အတွက် အတန်းဆင်းပြီးနားနေခန်းသို့ထွက်လာခဲ့သည်။ နောက်နားဆီမှ တစ်စုံတစ်ယောက်ရဲ့ခြေသံ ကြားလိုက်သောကြောင့်လှည့်ကြည့်လိုက်မိသည်။ခုန အတန်းထဲမှာတွေ့ခဲ့သည့်ကျောင်းသားပင် ...ထို ကျောင်းသားကအရပ်ရှည်သည်မို့ မော့ကြည့်မိရာ jungwon ရင်တွေအဆမတန်ခုန်လာရသည်။

"hyunggggg~"

"အင်း ဟုတ်တယ် ခလေးလေးရဲ့ hyung လေ
ဘာလို့ဒီရက်ပိုင်း hyung ကိုပစ်ထားတာလဲ ဟမ်"

မေးလဲမေး ခလေးငယ်ရဲ့လက်လေးတစ်ဖက်ကို ဆွဲပြီးကားပါကင်သို့ ထွက်လာခဲ့သည်။ နောက်ပါးမှ လက်ကိုအတင်းဖြုတ်ချကာ ရုန်းကန်နေသည့်ခလေးငယ်ကို ကားထဲသို့အတင်းထည့်ပြီး သူ့ရဲ့အိမ်ဆီသို့မောင်းလာခဲ့သည်။

"hyung ဘယ်သွားမလို့လဲ "

"hyungရဲ့အိမ်ကိုလေ…
ပြီးတော့ အေးဆေးစကားပြောပြီး hyung ကိုအကြာကြီးပစ်ထားတာကို အပြစ်ပေးမလို့"

mystery 🍂    Where stories live. Discover now