Pt.twenty two🍂

691 79 17
                                    

"သား ဒီခလေးလေးနဲ့တွဲနေခဲ့တာကို အာပါးဝင်မပြောခဲ့ဘူးနော် ဒါပေမဲ့လက်ထပ်ဖို့အထိတော့ အပါးခွင့်ပြုမပေးနိုင်ဘူး
မင်းရဲ့အိုမားကလက်ခံနိုင်တယ်ဆိုပေမဲ့ အာပါးလက်ခံမပေးနိုင်ဘူးနော်"

"ဘာလို့လဲအာပါး wonnie လေးကယောကျာ်းလေးတစ်ယောက်ဖြစ်နေလို့လား
ကျွန်တော် wonnie လေးကိုတွဲခဲ့တာ ခဏတာအတွက်မဟုတ်ဘူး အာပါး
နှစ်တွေအကြာကြီးတွဲလာပြီးမှ ကိုယ်မင်းကိုလက်မထပ်နိုင်ပါဘူး ကိုယ့်ဘဝလက်တွဲဖော်ကိုတော့ မိန်းမတစ်ယောက်ကိုပဲရွေးချယ်ချင်တယ် ၊ ကိုယ့်ရဲ့မျိုးဆက်အတွက် ကိုယ့်အိမ်ကသဘောတူထားတဲ့လူရှိလို့ သူ့ကိုပဲယူရမှာမို့ ကိုယ်တို့လမ်းခွဲကြမယ်လို့ ပြောရလောက်အောင်လဲ ဒါရုပ်ရှင်မဟုတ်ဘူး အာပါး
wonnie လေးအပေါ်အဲဒီလောက်ထိတန်ဖိုးမဲ့စေမယ့် လုပ်ရပ်တွေကျွန်တော်မလုပ်နိုင်ဘူး"

"အာပါးကလည်း ယောကျာ်းချင်းလက်ထပ်ပေးဖို့အထိတော့ လက်မခံနိုင်ဘူး ဒါကြောင့်အာပါးစကားကိုသားသေချာစဉ်းစားပါ
ဒီထက်အခြေအနေဆိုးလာမယ်ဆို အာပါးလည်းလုပ်သင့်လုပ်ထိုက်တာလုပ်မှာပဲ သား....."

jay လည်း ဘာစကားမှဆက်မပြောချင်တာကြောင့် စကားဝိုင်းမှထွက်လာခဲ့လိုက်တော့သည်။ ခလေးငယ်နဲ့လက်တွဲရဖို့ကို သူဘယ်လောက်ထိမျှော်လင့်ခဲ့ရလဲဆိုတာ သူကိုယ်တိုင်သာအသိဆုံးမို့.......












ထွက်သွားတဲ့ သူ့ရဲ့သားကိုကြည့်ပြီး jayရဲ့အာပါးလည်းဘယ်လိုလုပ်ရမလဲ အကြံထုတ်နေမိခဲ့သည်။ သူ့မှာဒီသားလေးတစ်ယောက်တည်းရှိသည့်အတွက် သားအပေါ်မှာမျှော်လင့်ချက်တွေ အများကြီးထားထားမိခြင်းဖြစ်သည်။ သားကိုပြောလို့မရမှတော့ wonnie လေးနဲ့ တိုင်ပင်မှဖြစ်တော့မည်။ ဒီခလေးလေးငယ်စဥ်ကတည်းက သူ့ဘွားဘွားပြီးရင် သူတို့ကလည်းမိဘသဖွယ်ပင်။ ကောင်းကောင်းမွန်မွန်ပြောပြပေးရင်ရနိုင်သည့် wonnie လေးကိုပဲ ဦးတည်ရမည်။





















ကျောင်းပြင်ဘက်ရှိစားသောက်ဆိုင်တစ်ဆိုင်တွင် jay နှင့်သူ့ရဲ့ခလေးလေး wonnieတို့ နေ့လည်စာစားနေကြသည်။

mystery 🍂    Kde žijí příběhy. Začni objevovat