Pt.ten🍂

717 110 30
                                    

စာမေးပွဲကြီးဖြေပြီးသည့် ညနေခင်းပိုင်းဝယ်....





wonnie လေးနဲ့ sunoo လေးစကားတပြောပြောနဲ့ ကျောင်းဝင်းထဲကထွက်လာတာ သူ့hyungရဲ့ကားနားဆီရောက်မှသာ စကားစပြတ်သည်။

"jay hyung ....sunooကိုခွင့်ပြုပါဦး
wonnie see ya....."

ပြီးတော့လေသံတိုးတိုးဖြင့်နားနားကပ်ကာ မင်းhyungနဲ့ ပျော်စရာdateလေးဖြစ်ပါစေတဲ့...

"Shitttt....sunoo ကောင်စုတ်လျှောက်စမနေနဲ့"

"wonnie လေးဘယ်သွားချင်လဲ?"

"အင်း....wonnie ကhyungနဲ့အတူ ရုပ်ရှင်ကြည့်ဖူးချင်တယ် ပြီးတော့ငယ်ငယ်ကသွားဖူးတဲ့ အို့တ်ဂိုလ်(Otgol)ရွာလေးကို hyungနဲ့နှစ်ယောက်တည်းပြန်သွားချင်တယ်"

"ဟုတ်ပါပြီ ဒါဆိုခုကရုပ်ရှင်အရင်သွားကြည့်မယ်၊မနက်ဖြန်မနက် အို့တ်ဂိုလ်(Otgol)ကိုသွားဖို့hyungစီစဥ်ထားလိုက်မယ်"

"ဟုတ်ကဲ့hyung "










ရုပ်ရှင်ရုံမှာလက်မှတ်ဖြတ်တော့ တစ်ယောက်ခုံနှစ်စောင်သာဖြတ်လိုက်သည်။

ခလေးငယ်နှင့်ရုပ်ရှင်အတူကြည့်မှ သိလိုက်ရတာတစ်ခုက ခလေးငယ်ဟာချစ်ခြင်းမေတ္တာတရားကိုသိပ်ကိုတန်ဖိုးထားတတ်တာ။ ဇာတ်လမ်းထဲမှာ မင်းသားနဲ့မင်းသမီးခွဲခွာရတဲ့ အချိန်မှာရှိုက်ရှိုက်ပြီးငိုနေသည်။ jayမှာလည်းမနေနိုင်တာနဲ့ ဘေးကလက်ရန်းကိုဖယ်ပြီး သူ့ရဲ့ရင်ခွင်ကျယ်ကြီးထဲကိုခလေးငယ်အား ထည့်ကာငိုစေသည်။ ငိုလို့ဝတော့သူ့အားမော့ကြည့်ပြီး အားနာနေတဲ့မျက်ဝန်းလေးတွေဖြင့်

"hyungရဲ့အင်္ကျီတွေစိုကုန်ပြီ"တဲ့...

မျက်ဝန်းလေးတွေမှာ မျက်ရည်လေးတွေအိုင်ထွန်းထားတာကြောင့်မျက်စလေးတွေရဲနေသေးသည်။ နှာခေါင်းထိပ်လေးတွေကလည်း ရဲရဲလေး၊ဆံပင်ညိုညိုလေးတွေကလည်းရှုပ်ပွလို့....

ရှုပ်ပွနေတဲ့ဆံပင်လေးတွေအား ပြင်ပေးပြီး

"hyungရဲ့အင်္ကျီတွေစိုသွားတာ ဘာအရေးလဲ......hyungရဲ့wonnieက မျက်ရည်တွေအများကြီးကုန်သွားတာမှ ပိုနှမြောစရာကောင်းတာသိလား...ဟမ်"

"ခ်ခ်..hyungကလည်း ရေတွေအများကြီးသောက်လိုက်မှာပေါ့ "

"ဟားဟား...ဟုတ်ပါပြီ အငိုသန်လေးရယ်"

mystery 🍂    Where stories live. Discover now