Pt.seven🍂

630 104 4
                                    

hyung ရဲ့ကောင်မလေးနဲ့သွားတွေ့မှာကို ဘာလို့ကြိုမပြောလဲဆိုတာ jungwon အတွက်တကယ်ကိုနားမလည်စေနိုင်သည့်ကိစ္စပင်။ မအားရင်လည်းမအားတဲ့အကြောင်းပြောပေါ့ jungwon ဟာ ဒီလောက်ထိသဘောထားသေးသိမ်မှာမှ မဟုတ်ပဲ။ hyung တို့နှစ်ယောက်ရဲ့ကြားထဲကန့်လန့်ကန့်လန့်နှင့်လည်း ဝင်မပါချင်ပါ။

«sunoo မင်းခုအားလား
အိမ်မှာဆိုရင်ငါလာမလို့»

ခဏအကြာ msg တစ်စောင်ပြန်ဝင်လာလေသည်။

«အင်း အိမ်မှာပဲ
မင်းလာမယ်ဆို ငါစောင့်နေမယ်လေ»


"hyung ...sunooကစာအတူတူလုပ်ချင်လို့တဲ့ msg ပို့လာတယ်..အဲဒါ sunoo အိမ်ကိုဝင်ပို့ပေးလို့ရမလား"

"wonnie ဝယ်စရာရှိတယ်ဆို
ဈေးအတူဝယ်ပြီးမှ ပို့ပေးမယ်လေ
အရေးကြီးလို့လား"

"ဟုတ်တယ် အရေးကြီးတယ် hyung
Monday ကျရင်ဆရာစစ်မယ့်အိမ်စာ နားမလည်လို့တဲ့..."

"ဟုတ်ပါပြီ wonnie"

တစ်ခါမှhyungကိုညာမပြောဖူးတဲ့ wonnie ခုတော့ hyungကို ညာမိနေပြီ။








sunoo တို့အိမ်ရှေ့ရောက်သော်

"wonnie အပြန်ကျရင်phဆက်လိုက်နော်
hyungလာကြိုပေးမယ်
နောက်အပတ်ကျရင် wonnie ကိုအချိန်ပေးမယ်နော်
သူငယ်ချင်းနဲ့စာကောင်းကောင်းလုပ်ခဲ့ကြားလား"

"ဟုတ်ကဲ့ hyung"

ခလေးငယ်မျက်နှာမကောင်းတော့ jayစိတ်ထဲမှာ ဘယ်လိုမှမပျော်နိုင်။ ခု date ကလည်း choiyoon ဘက်မှ ကမ်းလှမ်းလာတာမို့ လက်ခံမိလိုက်ခြင်း။ လူတစ်ယောက်အပေါ်ကို အရမ်းကြီးအားနာတတ်တဲ့ အကျင့်ကို jay ပြင်မှ ဖြစ်တော့မည်။


"လာ...wonnie အိမ်ထဲဝင် အာပါးနဲ့အိုမားလည်းရှိတယ်"

"အာပါး ...အိုမား wonnie ရောက်ပြီ"

"အေး..wonnie သားလေးလာကွယ်
မနက်စာရောစားခဲ့လား အိုမားတို့နဲ့ တူတူလာစားမလား"

"wonnie စားပြီးပါပြီ အိုမား"

"ဟုတ်ပါပြီကွယ် sunoo နဲ့ အေးအေးဆေးဆေးအပေါ်ထပ်မှာ နားနားနေနေ နေကြပေါ့"

sunoo ရဲ့ အာပါးနဲ့အိုမားကို နှုတ်ဆက်ပြီး အပေါ်ထပ်သို့တက်လာခဲ့ကြသည်။
အခန်းထဲရောက်တော့

mystery 🍂    Where stories live. Discover now